(Zawgyi / Unicode)
လူမှောင်ခိုကူးသူတွေကတဆင့် မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ် Tak Bai မြို့မှာ ဖမ်းမိသွားတာပါ။
Tak Bai မြို့မှာရှိတဲ့ အိမ် ၂ အိမ်ကို စနေနေ့က ဝင်ရောက်စီးနင်း ရှာဖွေရာမှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ Narathiwat ပြည်နယ် ဒုရဲချုပ် Thawatchai Duksukkaew က ပြောပါတယ်။
မြန်မာတွေကို တင်ဆောင်လာတဲ့ ကားမောင်းဆရာ ထိုင်းလူမျိုး ၄ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးရာမှာ တင်ဆောင်လာတဲ့ ပစ်ကပ် ထရပ်ကား ၃ စီးကိုလည်း ရဲက သိမ်းဆည်းလိုက်ပါတယ်။
ကနဦးစစ်ဆေးချက်အရ မြန်မာအုပ်စုဟာ မလေးရှားနိုင်ငံထဲ ဝင်လို့ရမယ့် အချိန်ကောင်းကို စောင့်နေတာလို့ ထွက်ဆိုကြပါတယ်။
ဒီအတောတွင်း လူမှောင်ခိုကူးမှုကို တားဆီးနိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှောက်မှာ ကင်းလှည့်စစ်ဆေးတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Narathiwat ပြည်နယ်ဆိုင်ရာ ထိုင်းလေတပ်အကြီးအကဲ Chalermporn Khamkhiao က သတိပေး ပြောဆိုလိ်ုက်ပါတယ်။
#ThailandMyanmar #MyanmarMigrantWorkers #MalaysiaMyanmar #လူမှောင်ခို #ထိုင်းရဲတပ်ဖွဲ့ #ထိုင်းနယ်စပ် #VOABurmese
———————————
(Unicode)
မလေးရှားနိုင်ငံထဲ ဝင်ရောက်မယ့် မြန်မာ ၉၀ ခန့် ထိုင်းရဲဖမ်းဆီး
လူမှောင်ခိုကူးသူတွေကတဆင့် မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ် Tak Bai မြို့မှာ ဖမ်းမိသွားတာပါ။
Tak Bai မြို့မှာရှိတဲ့ အိမ် ၂ အိမ်ကို စနေနေ့က ဝင်ရောက်စီးနင်း ရှာဖွေရာမှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ Narathiwat ပြည်နယ် ဒုရဲချုပ် Thawatchai Duksukkaew က ပြောပါတယ်။
မြန်မာတွေကို တင်ဆောင်လာတဲ့ ကားမောင်းဆရာ ထိုင်းလူမျိုး ၄ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးရာမှာ တင်ဆောင်လာတဲ့ ပစ်ကပ် ထရပ်ကား ၃ စီးကိုလည်း ရဲက သိမ်းဆည်းလိုက်ပါတယ်။
ကနဦးစစ်ဆေးချက်အရ မြန်မာအုပ်စုဟာ မလေးရှားနိုင်ငံထဲ ဝင်လို့ရမယ့် အချိန်ကောင်းကို စောင့်နေတာလို့ ထွက်ဆိုကြပါတယ်။
ဒီအတောတွင်း လူမှောင်ခိုကူးမှုကို တားဆီးနိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှောက်မှာ ကင်းလှည့်စစ်ဆေးတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Narathiwat ပြည်နယ်ဆိုင်ရာ ထိုင်းလေတပ်အကြီးအကဲ Chalermporn Khamkhiao က သတိပေး ပြောဆိုလိုက်ပါတယ်။