ဘန်ကောက် မဲဆောက်
၁ ရက်နေ့ မေလ ၂၀၂၂ – ခုနှစ်
မေလ ၁ ရက် မှာကျရောက်တဲ့ ၁၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး )တွင် ထိုင်း မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သော တာခ်ခရိုင် မဲဆောက်မြို့တွင် မှီတင်းနေထိုင် အလုပ် လုပ်ကိုင် နေသည့် ရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ဦးကျော်နှင့် မဲဆောက်ဒေသတွင်ရှိသော လူထု အခြေပြု အရပ်ဖက်အဖွဲ့အစည်းများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ တို့နှင့် ဖွဲ့စည်းထားသော MRPWG ကွန်ရက်မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို တာခ်ခရိုင် မဲဆောက်မြို့ မဲ့တောင်မိုင်ကျေးရွာတွင်းရှိ ဘုန်းတော်ကြီးတွင် နံနက် ၀၈:၃၀နာရီမှမွန်းလွဲ ၁၂:၃၀ အထိကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အလုပ်သမားများနေ့ မှာ ရခိုင်ရိုးရာ အကအလှဖြင့် အခမ်း အနားကို ဖွင့်လှစ်ပြီး MWPWG မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားမျးနေ့ ဖြစ်ပေါ်လာပုံ (မေဒေးနေ့) သမိုင်းကြောင်းရှင်းလင်းဖတ်ကြားခြင်း၊နှင့် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲများပြဿနာများကို စစ်တမ်းကောက်ယူထားပြီး သက်ဆိုင်သည့် အစိုးရဌာနများထံ တင်ပြတောင်းဆိုချက်များကို ကဏ္ဍအလိုက်
ထိုင်းအစိုးရထံ တင်ပြချက်များ၊ အလုပ်သမား၀န်ကြီးဌာနထံ တင်ပြချက်များ၊လုပ်ငန်းရှင်များအသင်းအဖွဲ့ထံတင်ပြချက်များ၊
မြန်မာ နိုင်ငံအစိုးရနှင့် အလုပ်သမားရေးရာတာ၀န်ရှိသူတို့ထံ တင်ပြချက်များကို ထုတ်ပြန်ကြေညာခြင်းနှင့် ဖတ်ကြားခဲ့ကြသည်။
တက်ရောက်လာသည့်အလုပ်သမားများကိုလည်း အလုပ်သမားဆိုင်ရာ ကိစ္စရပ်များအကြောင်းမေးခွန်းမေးဖြေကဏ္ဍများပြုလုပ်ခြင်း စက်ရုံအလုပ်သမားကိုယ်စားလှယ်တို့အား အလုပ်သမားများအတွက် အားပေးစကားများပြောကြားစေခြင်း အစရှိသည်တို့ကိုလည်းထည့်သွင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အထူးအနေဖြင့် သင်ဆိုင်ရာအစိုးရဌာနထံတင်ပြတောင်းဆိုချက်တွင်
၁။ ရွှေ့ပြောင်းအလုပ်သမားများသည် လွတ်လပ်စွာ အလုပ်သမဂ္ဂ ဖွဲ့စည်းခွင့် လွတ်လပ်စွာ တောင်းဆို လှုပ်ရှားခွင့်များဖြစ်သော international Labour Organization ILO ၏ပဋိညာဉ် စာချုပ်အမှတ် ၈၇/၉၈ အားအတည်ပြုလက်မှတ်ထိုးပေးရန်။
၂။ ကိုဗစ်ကာလနဲ့ ကိုဗစ်လွန်ကာလတွေမှာ ရွှေ့ပြောင်းလုပ်သားတိုင်းတန်းတူ ပေးသွင်းထားတဲ့ လူမှုဖူလုံရေး ပကန်ဆာခူမ် ပုဒ်မ၃၃ လူမှုလုံရေးအရ ထောက်ပံ့မှုပေးဆောင်ရာတွင် ထိုင်းအစိုးရ၏ရွှေ့ပြောင်းအလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းမပြုရန်။
၃။ တနိုင်ငံလုံး ကုန်ဈေးနှုန်းမြှင့်တက်လာမှုကြောင့် အနိမ့်ဆုံး
လုပ်အားခ တိုးမြှင့်ခြင်းထက် အခြေခံအနိမ့်ဆုံးလုပ်အားခ စက်ရုံတိုင်းပေးချေဖို့ရန်အတွက်စီစစ်သတ်မှတ်ပေးရန်။
၄။ တရားမ၀င်အလုပ်သမားပပျောက်စေရန်နှင့် လူကုန်ကူးမှုကင်းစင်စေရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများအတွက် မှတ်ပုံတင်စာရင်းတင်သွင်းခွင့်လမ်းကြောင်းဖွင့်ပေးရန်။
၅။ ရွှေ့ပြောင်းအလုပ်သမားများ စာရွက်စာတမ်းများ ပြုလပ်ဆောင်ရွက်ရာတွင် ကုန်ကျစာရိတ်များ လျှော့ခပေးရန်။
အစရှိသည့် ဆုံးရှုံးနေသည့် အခွင့်အရေးများ တောင်းဆိုကြသလို
မဟာချိုင်-ဘန်ကောက်ဒေသတွင် အလုပ်သမားအရေးဆောင်ရွက်မေသည့် အလုပ်သမားအဖွဲ့များသည်လည်း ထိုနည်းတူစွာ တောင်းဆိုလှုပ်ရှားကြပါသည်။
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN မှ ဦးဆောင်သည့် ရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းအလုပ်သမားများ ညီညွတ်ရေးကော်မတီနှင့် နိုင်ငံပိုင်လုပ်ငန်းဆိုင်ရာ အလုပ်သမားဆက်ဆံရေး အဖွဲ့ချုပ်တို့နှင့်အတူ ဘန်ကောက်မြို့တော်ရှိ ဒီမိုကရေစီကျောက်တိုင်တွင် ဘန်ကောက်နှင့်အနီးတစ်ဝိုက်ရှိ ခရိုင်အသီးသီးက အလုပ်သမားသမဂ္ဂများတို့နှင်အတူ ထိုင်းအစိုးရအိမ်တော်ရာအထိ ချီတက်လမ်းလျှောက်ကာ တောင်းဆိုချက်များတင်ပြတောင်းဆိုခဲ့ကြသည်။
ထိုတောင်းဆိုချက်တွင်
၁။ ရွှေ့ပြောင်းအလုပ်သမားများအတွက် စာရွက်စာတမ်းများ ပြုလပ်ဆောင်ရွက်ရာတွင် ကုန်ကျစာရိတ်များ လျှော့ခပေးရန်၊
၂။ အလုပ်သမား ပုဒ်မ၃၃ လူမှုလုံရေးအရ ထောက်ပံ့မှုပေးဆောင်ရာတွင် ထိုင်းအစိုးရ၏ရွှေ့ပြောင်းအလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းမပြုရန်။
၃။ တနိုင်ငံလုံး ကုန်ဈေးနှုန်းမြှင့်တက်လာမှုကြောင့် အနိမ့်ဆုံး
လုပ်အားခ ၄၉၂ ဘတ် တိုးမြှင့်ပေးရန်၊နှင့် ကုန်ဈေးနှုန်းထိန်းညှိပေးရန်။
၄။ရွှေ့ပြောင်းအလုပ်သမားများသည် လွတ်လပ်စွာ အလုပ်သမဂ္ဂ ဖွဲ့စည်းခွင့် လွတ်လပ်စွာ တောင်းဆို လှုပ်ရှားခွင့်များဖြစ်သော ILO အမှတ် 87 နှင့် 98 တို့အားအတည်ပြုလက်မှတ်ထိုးပေးရန်။
၆။ရွှေ့ပြောင်းအလုပ်သမားများသည် ငွေထုတ်စက်မဟုတ်ပါ ရွှေ့ပြောင်းအလုပ်သမားများအပေါ် အကျိုးအမြတ်ရှာခြင်းမှရပ်တန့်ပေးရန်။
ဓါတ်ပုံ #MRPWG #MWRN





