မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်လှစ်နိုင်ရေး ထိုင်းဘက်ပြင်ဆင်

မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်လှစ်နိုင်ရေး ထိုင်းဘက်ကအဆင်သင့်ဖြစ်နေ
.
မေလ ၁ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားကို ၂ နှစ်အကြာပိတ်ထားပြီနောက် မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းဘက်ခြမ်းက ဒီကနေ့မှာ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါတယ်။
.
“တံတားကိုတော့ ပြန်ဖွင့်ဖို့ပြင်ဆင်နေပြီပေါ့၊ သန့်ရှင်းရေးတွေလုပ်နေတယ်။ ဝင်လာဖို့အတွက်ပြင်ဆင်နေတယ်ပေါ့၊ ဟိုဘက်နဲ့ ဒီဘက်တော့ ပြောဆိုပြီးသားတွေလဲရှိတယ်။ မကြာမီဖွင့်တော့မှာပါ” လို့ အဲဒီမှာတာဝန်ကျနေတဲ့ တံတားတာဝန်ခံတစ်ဦးကပြောပါတယ်။
.
ထိုင်းအာဏာပိုင်တစ်ယောက်ကတော့ ” ထိုင်းဘက်ကတော့ အဆင်သင့်ဖြစ်နေပြီ၊ ဘာမှလုပ်စရာမလိုတော့ဘူးပေါ့၊ မြန်မာဘက်က ဖွင့်ပေးဖို့ပဲလိုတော့တယ်” လို့ဆက်ပြောပါတယ်။
.
တံတားဖွင့်မယ်ရက် နှစ်နိုင်ငံက ရက်အတိအကျထုတ်ပြန်ထားတာမရှိပေမယ့်၊ ဒီတစ်ပတ်အတွင်းမှာ ဖြစ်လာနိုင်တယ်လို့ အားလုံးက သုံးသပ်ပြောဆိုနေကြပါတယ်။
.
ကိုချစ် ဇွဲကပင်မြေ
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.
Twitter : https://bit.ly/3gGOuaL
Instagram : https://bit.ly/3HPR8a3
TikTok : https://bit.ly/3oLirLd
Youtube : https://bit.ly/34F5F9Z
.
#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC #Creadit_Photo

Leave a comment