မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင်အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေးအဖွဲ့မှ ကားဗုံးဖြင့်ဖေါက်ခွဲတိုက်ခိုက်

မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင်
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေးအဖွဲ့မှ ကားဗုံးဖြင့်
ဖေါက်ခွဲတိုက်ခိုက်

ပေါက်ကွဲမှုအသံကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့နေရာအနှံ့ ကြားရပြီး မြဝတီဘက်ခြမ်း လူဝင်မှု စစ်ဆေးရေးဂိတ် စခန်း ထိခိုက် ပျက်စီး သွားသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြန်မာ ပြည်ထောင်စု၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်၊ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေးတိုက်ခိုက်သည့် အဖွဲ့မှ၊ ကားတွင်တီထွင်ဖန်တီးထားသော ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ကာဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

မြဝတီဟိုတယ်ရှေ့ ထိုင်း= မြန်မာ ချစ်ကြည်ရေးတံတား ၁ သည်သောင်ရင်းမြစ်ကို ဖြတ်ကူးသည့်တံတားဖြစ်သလို ထိုင်းဘက်ခြမ်းက မဲဆောက်မြို့မှာပေါက်ကွဲသံကို ရှင်းရှင်းလင်းလင်းကြားရပါသည်။
ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခြင်းကြောင့် စစ်ဆေးရေးဂိတ်တစ်ခုလုံး
ဆိုးရွားစွာပျက်စီးခဲ့သည် အခင်းဖြစ်ပွားရာနေရာသည် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး နယ်မြေဖြစ်ပြီး ဈေးဆိုင်ခန်းများ၊ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများ၊ လူနေအိမ်များ၊ ကားများ၊ ပစ္စည်းများ၊ အသုံးအဆောင်များ စသည်တို့ ပြင်းထန်စွာ ပျက်စီးသလို အာဏာသိမ်း စစ်ကောင်စီ ဘက်က နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများရှိသည်။

မြဝတီမြို့မရဲစခန်းမှ တပ်မတော်သားများနှင့်အတူ မီးသတ်သမားများနှင့်အတူ နယ်မြေရှင်းလင်းခဲ့မှုပြုလုပ်ကာ ဒဏ်ရာရသူများကိုအ‌ရေးပေါ်ကားဖြင့်သယ်ဆောင်ခြင်း မီးငြိမ်းသတ်ခြင်းပြုလုပ်နေစဉ် အာဏာသိမ်းစစ်‌ကာင်စီကိုတော်လှန်သည့် အမည်မသိတပ်ဖွဲ့များနှင့် စစ်ကောင်စီအဖွဲတို့ ၁၅ မိနစ်အကြာ လူ ၁၀ ဦးခန့် ထိပ်တိုက်တွေ့ဆုံပြီး နှစ်ဖက် အ‌ကျဆုံးမှု မသိရသေးကြောင်း သိရသည်။

မကြာမီ ထိုင်းသို့ တရား၀င်လမ်း‌ကြောင်းဖြင့် အဲမ်အိုယူ စနစ်နှင့် အလုပ်သမစေလွှတ်ရန် အသင့်ပြန်ထားပြီမို့ ယခုလိုတိုက်ခိုက်ခံရမှုအပေါ်ကို အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ဤတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့ဖြစ်သည်ကို စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ဓါတ်ပုံ ကရင်သတင်းမီဒီယာ

Leave a comment