ချင်းရိုင်းခရိုင်အာဏာပိုင်များ၏ (၃) ကြိမ် ဖမ်းဆီးမှုတွင် ကလေးအပါဝင် တရားမဝင် မြန်မာ (၆၀) ဦးခန့် အဖမ်းခံရ

“ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့အတွက် ပွဲစားခများစွာကုန်ဆုံးရသည့်အပြင် အလုပ်မရဘဲ နေ့စဉ်အလိုလို အဖမ်းခံနေရသော်လည် အဆက်မပြတ်ဝင်လာလျှက်ရှိပြီး ယခုအခါ ချင်းရိုင်းခရိုင်အာဏာပိုင်များ၏ (၃) ကြိမ် ဖမ်းဆီးမှုတွင် ကလေးအပါဝင် တရားမဝင် မြန်မာ (၆၀) ဦးခန့် အဖမ်းခံရ”

၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၂၄ ရက်

မနေ့က ဧပြီလ၊ ၂၃ ရက်နေ့တွင် ချင်းရိုင်းခရိုင်သက်ဆိုင်ရာအာပိုင်များမှ မယ်ဆိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားတို့ကို တစ်နေရာစီ (၃) ကြိမ် ဖမ်းမိခဲ့ပါတယ်။

ပထမဖမ်းဆီးခံရသည့်အဖွဲ့မှာ တရားမဝင် မြန်မာအလုပ်သမား ကျား (၂) ဦး၊ မ (၂) စုစုပေါင်း (၄) ဦးနှင့် မြန်မာပွဲစားနှစ်ဦးတို့ဖြစ်ပါတယ်။ ထိုအလုပ်သမားတို့သည် ထိုင်းနယ်စပ်ရှိ ကြက်သွန်ဖြူစက်ရုံအတွင်းအလုပ်ရရှိရန်အတွက် ၎င်းမြန်မာပွဲစားနှစ်ဦးအား ပွဲစားကြေး တစ်ဦးကို ဘတ် (၅၀၀) ပေးပြီး ဝင်ရောက်လာသည်ဟု သက်ဆိုင်ရာထံ ထွက်ဆိုခဲ့ပါတယ်။

ဒုတိယအဖမ်းဆီးခံရသူများမှာ တရားမဝင် မြန်မာအလုပ်သမား ကျား (၁၉) ဦး၊ မ (၁၅) ဦးနှင့် ကလေး (၅) ဦး စုစုပေါင်း (၃၉) ဦးတို့ဖြစ်ပြီး ၎င်းတို့သည် ဘန်ကောက်မြို့နှင့် ချုင်းမိုင်ခရိုင်အတွင်း အလုပ်ရဖို့အတွက် ပွဲစားခကို တစ်လျှင် ဘတ် (၂၆,၀၀၀) ထိပေးရသည်ဟု သတင်း၏ ဖော်ပြချက်အရ သိရပါတယ်။

တတိယအဖွဲ့မှာ မြန်မာအလုပ်သမား (၁၀) ဦး၊ မ (၇) ဦး စုစုပေါင်း (၁၇) ဦးတို့ဖြစ်ပြီး ၎င်းတို့က ချင်းမိုင်ခရိုင်အတွင်းမှာ အလုပ်အကိုင်ရရှိရေးအတွက် ပွဲစားခ တစ်ဦးကို ဘတ် (၂၀,၀၀၀) စီပေး၍ ဝင်ရောက်လာသည်ဟု ထွက်ဆိုပါတယ်။

ထို့နောက် အာဏာပိုင်များက ဖမ်းဆီးခံရသူများအား ကိုဗစ်ရောဂါစစ်ဆေးပေးရန်နှင့် ရောဂါရှိမရှိ စောင့်ကြပ်ကြည့်‌ရေး ကွာရန်တင်း (၁၀) ဝင်ခိုင်ရန်အတွက် ချင်းရိုင်းခရိုင်၊ မဲကျန်မြို့နယ်ရှိ အမှတ် (၃၂၇) နယ်ခြားစောင့်ရဲတပ်စခန်းသို့ ပို့ဆောင်ပြီးနောက် ထိုကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ် ပြီးဆုံးပါက တရားဉပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု သတင်း၏ ဖော်ပြချက်အရ သိရပါတယ်။

#Migrant #Times #Migrantworkers #Myanmar #Illegalmigration #Illegalmigrantworkers #Covid19TH

Source -MGROnline

Leave a comment