ရုရှား စစ်သင်္ဘောနစ်မြုပ်မှု တစ်ဦးသေ ၂၇ ဦး ပျောက်ဆုံး

ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားရဲ့ မော့ခ်ဗာ ခရုဇာစစ်သင်္ဘောနစ်မြုပ်ခဲ့မှုအတွင်း အမှုထမ်းတစ်ဦး သေဆုံးကာ ၂၇ ဦး ပျောက်ဆုံးနေတယ်လို့ စစ်သင်္ဘောနစ်မြုပ်မှုဖြစ်စဉ် အသေအပျောက်နဲ့ ပတ်သက်ပြီး သောကြာနေ့က ရုရှားရဲ့ ပထမဆုံးအကြိမ် ဝန်ခံချက်မှာ ပြောဆိုခဲ့ပါတယ်။
နှစ်လနီးပါးကြာပြီဖြစ်တဲ့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားရေတပ်ရဲ့ စစ်ဆင်ရေးတွေကို ဦးဆောင်နေတဲ့ ပင်လယ်နက်ရေတပ်အုပ်စုဝင် သင်္ဘောတစ်စီးဖြစ်ပြီး ဝိုင်းပိတ်ထားတဲ့ မာရီယူပူးလ်မြို့ထိုးစစ်မှာ အဓိကနေရာကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်။
မော့ခ်ဗာသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက်မှာ စစ်မှုထမ်းတွေ အပါအဝင် သင်္ဘောသားတွေရဲ့ မိဘတွေနဲ့ အခြားမိသားစုဝင်တွေက သူတို့ကလေးတွေ ပျောက်ဆုံးနေကြောင်းနဲ့ ဖြေရှင်းချက်လိုချင်ကြောင်း ဆိုရှယ်မီဒီယာမှာ ထုတ်ဖော်ဖွင့်ဟခဲ့ကြပါတယ်။
ဧပြီ ၁၃ ရက်နေ့က ပစ်ခတ်ခံရမှုတစ်ခုကြောင့် မော့ခ်ဗာ ခရုဇာသင်္ဘောပေါ်ရှိ ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲမှုဖြစ်ခဲ့ကာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုကြောင်း ရုရှားသတင်းအေဂျင်စီတွေက သောကြာနေ့ညပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ဖြစ်စဉ်အတွင်း အမှုထမ်းတစ်ဦး သေဆုံးပြီး နောက်ထပ် ၂၇ ဦး ပျောက်ဆုံးနေခဲ့ကြောင်းနဲ့ ကျန် အမှုထမ်း ၃၉၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။
ပင်တဂွန် အကြီးတန်းအရာရှိတစ်ဦးရဲ့ အပြောအရ မော့ခ်ဗာစစ်သင်္ဘောဟာ ယူကရိန်း ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့ပြီးနောက် ပင်လယ်နက်မှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ CNA

(zawgyi)

ရုရှား စစ်သင်္ဘောနစ်မြုပ်မှု တစ်ဦးသေ ၂၇ ဦး ပျောက်ဆုံး
—အကုန်သိ သတင်းဌာန—

Leave a comment