ဘန်ကောက် တက္ကစီဒရိုင်ဘာတစ်ဦးက မြန်မာမိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်

ဘန်ကောက် တက္ကစီဒရိုင်ဘာတစ်ဦးက မြန်မာမိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပြီး ညစ်ညမ်း ပုံတွေ ဓာတ်ပုံရိုက်ကူးခဲ့

ယခုလ အစောပိုင်းတုန်းက ဘန်ကောက်တက္ကစီ ဒရိုင်ဘာတစ်ဦးဟာ အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ပြီး ဖုန်းနဲ့ ဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မြန်မာမိန်းကလေးဟာ ဘန်ကောက်မှာ အလုပ်အကိုင်ရှာဖွေနေတာဖြစ်ပြီး သူမအတွက် အလုပ်အကိုင်ရှာတွေ့အောင် ကူညီပေးဖို့ အဒေါ်ဖြစ်သူက ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားခဲ့တယ်ဆိုတဲ့အကြောင်း ရဲတပ်ဖွဲ့သို့ ပြောပြခဲ့ပါတယ်။

ပြုကျင့်သူ တရားခံဟာ အသက် ၃၉ နှစ်အရွယ် Adirek Sae Bae ဆိုသူဖြစ်ပြီး အလုပ်အကိုင်ပေး မယ်လို့ အဆိုပါ ပို့စ်မှာ ရေးသားခဲ့ကာ ဖေ့ဘွတ်အကောင့်မှာ သူ့ရဲ့ ဓာတ်ပုံအစား အခြားသူတစ်ဦးရဲ့ ပုံကို အသုံးပြုခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာတော့ မိန်းကလေးကို အလုပ်ရှင်ထံ ခေါ်ရမယ့်အစား Love Motel လို့ ခေါ်တဲ့ တည်းခိုခန်းသို့ ခေါ်ဆောင်သွားပြီး အဲ့ဒီမှာ Antigen စစ်ဆေးဖို့ဆိုပြီး တည်းခိုခန်း အခန်းမှာ စောင့်ဆိုင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်း အခန်းထဲ ပြန်အရောက်မှာတော့ မိန်းကလေးကို လက်ထိပ်ခတ်ပြီးအဓမ္မပြုကျင့်ခဲ့တဲ့အဖြစ်အပျက်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ ဒရိုင်ဘာဟာ မြန်မာမိန်းကလေးရဲ့ ဖုန်းနဲ့ ငွေသား ဘတ် ၅၀၀ ကိုလည်း ခိုးယူသွားခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။ မြန်မာမိန်းကလေးဟာ ပတ်စ်ပို့ မရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူထံကနေ သိရှိရပြီး ရဲတွေက Adirek ကို လိုက်လံဖမ်းဆီးခဲ့ကာ အထိမ်းအမှတ်ကျောက်တိုင်အနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိမှာတော့ တက္ကစီဒရိုင်ဘာကို အသက် ၁၈ နှစ်အောက်လူငယ်တစ်ဦးအား ချုပ်နှောင်ထားမှု၊ အတင်းအဓမ္မပြုကျင့်မှု၊ တရားမဝင်ထိန်းသိမ်းမှု၊ ခိုးမှု၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် ကလေးညစ်ညမ်းဓာတ်ပုံတွေ တရားမဝင်လက်ဝယ်ထားရှိမှုနဲ့ပတ်သက်တဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မြန်မာမိန်းကလေးဟာ ရာဇဝတ်မှုကျူးလွန်သူရဲ့ သားကောင်ဖြစ်ခဲ့ပြီး နိုင်ငံတွင်း ဝင်ရောက်ခဲ့စဉ်က တရားမဝင် ဝင်ရောက်ခဲ့မှုနဲ့ တရားစွဲဆိုခံရမှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံသို့ မပြန်မီ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေ ခံယူစေမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Ref:thethaiger
#ဘန်ကောက်လမ်းညွန်ကိုစိုင်း

Leave a comment