သီရိလင်္ကာနိုင်ငံမှာ စီးပွားအကျပ်အတည်းကြုံတွေ့နေရမှုနဲ့ ပတ်သက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အင်္ဂါနေ့က ပထမဆုံးအကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့မှုအတွင်း ရဲက ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တောင်အာရှနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရကာ လျှပ်စစ်ဓါတ်အား ပုံမှန်ပြတ်တောက်ခြင်း၊ လောင်စာဆီနဲ့ အခြားကုန်စည်တွေ အကြီးအကျယ် ပြတ်တောက်နေခြင်းတွေကြောင့် နိုင်ငံတစ်ဝန်း စိတ်သောကရောက်မှုတွေဖြစ်စေခဲ့ပါတယ်။
ကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး အရေးပေါ်လိုအပ်နေတဲ့ ငွေကြေးထောက်ပံ့မှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ ပြင်ဆင်နေသော အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လောင်စာဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် မြို့တော် ကိုလံဘိုနဲ့ အလယ်ပိုင်းမြို့ ကန်ဒီကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရထားလိုင်းတစ်ခုတို့ကို ပိတ်ဆို့ ဆန္ဒပြခဲ့တဲ့ လူအုပ် ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
“သေနတ်ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။ နောက်ထပ် ဆန္ဒပြသူ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၈ ဦးလောက် အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။
မြို့တော် အရှေ့ဖက် ၉၅ ကီလိုမီတာအကွာရှိ ရမ်ဘတ်ကန်နာမြို့မှာ ဆန္ဒပြလူစုက ဒီဇယ်တင်ကားတစ်စီးကို မီးရှို့ဖို့လုပ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့ကတော့ ပြောဆိုခဲ့ပါတယ်။
အစိုးရဆန့်ကျင် ဆန္ဒပြပွဲမှာ ပထမဆုံး လူသေဆုံးမှုဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့အနေနဲ့ သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်သွားလိမ့်မယ်လို့ သူ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာက ဗုဒ္ဓဟူးနေ့(ဧပြီ ၂၀) မှာ ပြောဆိုခဲ့ပါတယ်။ CNA
(zawgyi)
သီရိလင်္ကာမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ခဲ့တာကြောင့် ပထမဦးဆုံး လူသေဆုံးမှုဖြစ်ပေါ်
—အကုန်သိ သတင်းဌာန—
သီရိလင်္ကာနိုင်ငံမှာ စီးပွားအကျပ်အတည်းကြုံတွေ့နေရမှုနဲ့ ပတ်သက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အင်္ဂါနေ့က ပထမဆုံးအကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့မှုအတွင်း ရဲက ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တောင်အာရှနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရကာ လျှပ်စစ်ဓါတ်အား ပုံမှန်ပြတ်တောက်ခြင်း၊ လောင်စာဆီနဲ့ အခြားကုန်စည်တွေ အကြီးအကျယ် ပြတ်တောက်နေခြင်းတွေကြောင့် နိုင်ငံတစ်ဝန်း စိတ်သောကရောက်မှုတွေဖြစ်စေခဲ့ပါတယ်။
ကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး အရေးပေါ်လိုအပ်နေတဲ့ ငွေကြေးထောက်ပံ့မှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ ပြင်ဆင်နေသော အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လောင်စာဆီ ပြတ်လပ်မှုနဲ့ စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် မြို့တော် ကိုလံဘိုနဲ့ အလယ်ပိုင်းမြို့ ကန်ဒီကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရထားလိုင်းတစ်ခုတို့ကို ပိတ်ဆို့ ဆန္ဒပြခဲ့တဲ့ လူအုပ် ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
“သေနတ်ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်” လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။ နောက်ထပ် ဆန္ဒပြသူ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၈ ဦးလောက် အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။
မြို့တော် အရှေ့ဖက် ၉၅ ကီလိုမီတာအကွာရှိ ရမ်ဘတ်ကန်နာမြို့မှာ ဆန္ဒပြလူစုက ဒီဇယ်တင်ကားတစ်စီးကို မီးရှို့ဖို့လုပ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့ကတော့ ပြောဆိုခဲ့ပါတယ်။
အစိုးရဆန့်ကျင် ဆန္ဒပြပွဲမှာ ပထမဆုံး လူသေဆုံးမှုဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့အနေနဲ့ သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်သွားလိမ့်မယ်လို့ သူ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာက ဗုဒ္ဓဟူးနေ့(ဧပြီ ၂၀) မှာ ပြောဆိုခဲ့ပါတယ်။
CNA
#—အကုန်သိ သတင်းဌာန—