“ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ တရားမဝင် မြန်မာအလုပ်သမား (၇၃) ဦးနှင့် လမ်းပြ ထိုင်းတစ်ဦးတို့ ဘန်ကောက်မြို့တွင် အလုပ်သွားလုပ်ရန် တဆင့်လာခေါ်ပေးမည့် ကားအား တောတစ်တော၌ စောင့်ဆိုင်းနေစဉ် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး”
၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၁၈ ရက်
ကနေ့ ဧပြီလ၊ ၁၈ ရက်နေ့တွင် တရားမဝင် အလုပ်သမားတင်သွင်းရေးလုပ်ငန်းရှိသည်ကို ထောက်လှမ်းသတင်းရရှိမှုကြောင့် တာ့ခ်ခရိုင်၊ ဝမ်ကျောင့်မြို့နယ်မှူးနှင့် အခြားသော သက်ဆိုင်ရာအာဏာပိုင်များပူးပေါင်းကား သယ်ဆောင်ရေးကား (၂) စီး အပါဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ကျား (၃၃) ဦး၊ မ (၄၀) ဦး စုစုပေါင်း (၇၃) ဦးနှင့် ဒေသခံလမ်းပြ ထိုင်းကားမောင်းသမား တစ်ဦးတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။
အာဏာပိုင်များ စစ်ဆေးတွေ့ရှိချက်မှာ ၎င်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရရှိရေး မြန်မာနိုင်ငံဖက်က ပွဲစားအား တစ်ဦးကို ဘတ် (၂၈,၀၀၀) အထိပေးရပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကတဆင့် ဝင်ရောက်လာဟု စစ်ဆေးချက်အရ သိရပါတယ်။
ဖမ်းဆီးခံခြင်းခံရသည့် အချို့ လူတွေအထဲမှာ ထိုင်းနိုင်ငံရှိ အလုပ်ရုံ၌ အချိန်ကာလကြာ တရားဝင်စွာ လုပ်ကိုင်ဖူးသူဖြစ်ပြီး ကိုဗစ် (၁၉) ရောဂါပြန့်ပွားမှု အခြေအနေတွေကြောင့် နေရပ်ပြန်သွားပြီး တရားမဝင် နည်းလမ်းဖြင့် ပြန်လည်ဝင်ရောက်လာသူတွေဟု စစ်ဆေးချက်အရသိရပါတယ်။
၎င်းဖမ်းဆီးခံရသူတွေသည် တောအတွင်း၌ မိုးဒဏ်၊ လေဒဏ်နှင့် အအေးဒဏ်တို့ကို ခံခဲ့ရသည့်အပြင် ပွဲစားတို့မှ စားစရာ သောက်စရာစီစဉ်ပေးမှု မရှိသောကြောင့် ဆာလောင်မှုများဒဏ်ပါခံရသည်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိချက်ကြောင့် ၎င်းတရားမဝင် အလုပ်သမားတို့ကို ဉပဒေအရ မဆောင်ရွက်မှီ လူသားချင်းစားနာထောက်ထားမှုဖြင့် အာဏာပိုင်များက ထမင်းဗူးနှင့် သောက်သုံးရေတို့ကို ဝေမျှပေးခဲ့ပါတယ်။
#Migrant#Times#Migrantworkers#Myanmar#Illegalmigration#Illegalmigrantworkers#Covid19TH
Source – Thairath Online


