စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပ

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပ

ဧပြီ ၁၈ ၊ ၂၀၂၂

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဧပြီ ၁၈ ရက်မှာ ကျင်းပခဲ့ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံတော်ယာ ယီသ မ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ပြရင် ငြိမ်သက်သွားလိမ့်မယ်ဆိုတဲ့ မိုက်မဲတဲ့မျှော်လင့်ချက်ဟာ ပြည်သူ့ခုခံ တွန်းလှန်စစ်နဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရပြီလို့ ပြည်ထောင်စုလွှတ်တော်နာ ယက ဦးအောင်ကြည်ညွန့် က အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက သူတို့အနေနဲ့ နိုင်ငံကိုထိန်းချုပ်ထားနိုင်ပါပြီ ပြည်သူတွေပျော်ရွှင်နေပါပြီလို့ ကမာ္ဘကိုလှည့်စားလိမ် ညာလိုတဲ့ အပျော်သင်္ကြန်မဟာစီမံကိန်းကြီးလုပ်ခဲ့ပေမယ့် တောင်တန်းဒေသနဲ့ မြို့ပြကျေးလက်ပါမကျန် တိတ် ဆိတ်ငြိမ်သက်ပြီး ဆန့်ကျင်တော်လှန်ပြလိုက်တာက ကမာ္ဘအနှံ့တုန်ဟီးသွားစေခဲ့ပြီဖြစ်ပါတယ်။ သင်္ကြန်ကာလ အတွင်းမှာပဲ စစ်ကောင်စီက ပြည်သူတွေအပေါ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေအပါအဝင် လက်နက်ကြီး တွေအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ရင်ခွင်ပိုက်ကလေးအရွယ်ကစပြီး သက်ကြီးရွယ် အိုအထိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေအပြင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓ္ဓမပြုကျင့်မှုတွေကို လက်ရဲဇတ်ရဲနေ့စဉ်နဲ့အမျှဆောင်ရွက်နေတယ်လို့လည်း ဦးအောင်ကြည်ညွန့်ကဆက်လက်ပြောပါတယ်။

အဲဒီ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင် ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်ယာယီသမ္မတက မိန့်ခွန်းပြောကြားရာမှာ အကြမ်းဖက်စစ် ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို တော်လှန်ရေးအောင်မြင်ပြီး ချိန်မှာ ပြန်လည်တည် ဆောက်ပေးမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူတွေရဲ့ အိမ်ခြေ ၉၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ပြီးထွက်ပြေး နေရ တဲ့ပြည်သူ ပေါင်း ၉ သိန်းကျော်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရှိရပါတယ်လို့ ယာယီသမ္မတ ကပြောကြားထားပြီးတော့ ပြည်သူတစ်ရပ်လုံး ကိုဗစ် ၁၉ ကာလနဲ့ စီးပွားရေးအကြပ်အတည်းရောက်နေတဲ့အ ချိန်မှာ အာဏာသိမ်းလိုက်တာ ဖြစ်လို့ တိုင်းပြည်က ချောက်ထဲထိုးကျသလိုဖြစ်ခဲ့ရကြောင်း ပြည်သူလူထုတစ်ရပ် လုံးက မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ခဲ့ကြကြောင်း အကြမ်းဖက်စစ်တပ်က ရက် စက်စွာသတ်ဖြတ်နေတဲ့တိုင် ဒီနေ့အထိ အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တာတွေလုပ်ဆောင် လျှက်ရှိပြီး အမျိုးသမီတွေနဲ့ လူငယ်တွေရဲ့ ရဲရင့်စွာတိုင်းပြည်အတွက်ပေးဆပ် အနစ်နာခံမှုကိုအမြဲအသိအ မှတ်ပြုနေမှာဖြစ်ပါတယ်လို့လည်း ယာယီသမ္မတက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားရာမှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့ဘဲ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ အရေအတွက်က ၁၀၀၀၀ နီးပါးအထိ ရှိထားပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် အပြင်မထွက်ဘဲ အတွင်း မှာနေပြီး သတင်းအချက်အလက်ပို့ပေးနေသူများစွာရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကို စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမူ ရေးနဲ့ နိုင်ငံရေးအစရှိတဲ့ တော်လှန်ရေးထောက်တိုင် ၅ ခု သတ်မှတ်ပြီးတော့ လေးလေးနက်နက် စီမံဆောင် ရွက်နေတဲ့ ကိစ္စတွေကို တင်ပြခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ လက်နက် ပြည့်စုံမှုအတွက်မှာ စိန်ခေါ်မှုတစ်ရပ်လိုရှိနေဆဲပဲလို့ ဝန်ကြီးချုပ်ကဆက်လက်ပြောကြားထားပါတယ်။

၂၀၂၁ ဧပြီ ၁၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အခုဆိုရင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။

#SpringReovlution

#PVTV

#PVTVNews

#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Leave a comment