နိုင်ငံတော်အတိုင်ပင်ခံ စွပ်စွဲခံထားရတဲ့ အဂတိအမှု ၅မှု ဒီကနေ့ကြားနာဖို့ရှိ
ဦးဖြိုးမင်းသိန်း နဲ့ဆက်စပ်တဲ့ အဂတိအမှုကို အပြီးသတ်လျှောက်လဲချက်ပေးမယ်
ဒီကနေ့ ဧပြီ (၁၈)ရက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရဆဲအမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့စွဲဆိုထားတဲ့ အမှု (၅)မှု အတွက် ကြားနာစစ်ဆေးဖို့ရှိနေပါတယ်။
ဒီကနေ့ရုံးချိန်းမှာတော့ စစ်ကောင်စီကနေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)နဲ့ စွပ်စွဲတရားစွဲဆိုခံထားရတဲ့အမှု (၅)မှုထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ အမှု (၄)မှုကတော့ တရားလိုပြသက်သေတွေစစ်ဆေးမှာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက သက်သေ ထွက်ဆိုထားတဲ့ ရွှေနဲ့ ဒေါ်လာတွေယူတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့ အဂတိအမှုကတော့ အပြီးသတ်လျှောက်လဲချက် ဒီကနေ့ပေးရမှာဖြစ်ပါတယ်။
ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီရဲ့နောက်ဆုံးရသတင်းစုစည်းချက်။
https://www.bbc.com/burmese/live/burma-61025967
#ဘီဘီစီမြန်မာပိုင်း#ဒေါ်အောင်ဆန်းစုကြည်#ဦးဖြိုးမင်းသိန်း#ဧပြီ၁၈
