“မှောင်ခိုဝင်သည့်မြန်မာများ အဆက်မပြတ်ဖမ်းမိနေပြီး ယခုအခါလည်း ကန်ကျနဘူရီခရိုင် စူရစရီတပ်ဖွဲ့က အထောက်အထားမဲ့မြန်မာ (၅၀) ဦးနှင့် လမ်းပြ (၁) ဦးကို ထပ်မံဖမ်းဆီးမိ”
၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၉ ရက်
ဧပြီလ၊ (၇ – ၈) ရက်နေ့ကြားမှာ ကန်ကျနဘူရီခရိုင်အာဏာပိုင်များဖြစ်ကြသည့် စူရစရီတပ်၊ လာ့ရားအထူးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ အာဏာပိုင်များပူးပေါင်းကာ နယ်စပ်နေရာတွေ၌ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခြင်းနှင့် ဂိတ်ချစစ်ဆေးမှုပြုလုပ်ရာမှာ ခရိုင်တွင်းရှိ မြို့နယ် (၃) ခုတွင် တရားမဝင် ဝင်ရောက်လာသူမြန်မာနိုင်ငံသား ကျား (၃၀) ဦး၊ မ (၂၀) ဦး စုစုပေါင်း (၅၀) ဦးနှင့် လမ်းပြတစ်ဦးတို့ကို အာဏာပိုင်များက ဖမ်းဆီးမိခဲ့ပါတယ်။
ဖမ်းဆီးခြင်းခံရသူများသည် မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်မှလာကြပြီး ပွဲစားကြေး တစ်ဦးလျင် ဘတ် (၁၅,၀၀၀ – ၂၅,၀၀၀) ပေးပြီး စမွတ်စာခွန်ခရိုင်၊ ရယောင်းခရိုင်၊ ကန်ကျနဘူရီခရိုင်နှင့် ဘန်ကောက်မြို့တို့တွင် အလုပ်သွားလုပ်ကြမည်ဟု သိရပါတယ်။
ထိုနောက် ဖမ်းခံရသူအားလုံးကို အာဏာပိုင်များက ကိုဗစ်ရောဂါကူးစက်မှုထိန်းချုပ်ရေးလမ်းစဉ်နှင့်အညီ ကိုယ်အပူချိန်တိုင်းပေးရာမှာ အားလုံးပုံမှန်အတိုင်းရှိပြီးနောက် တရားဉပဒေအရ ဆောင်ရွက်သွားရန် စိုင်းယို့မြို့မရဲခန်း၊ ထောင်ဖာ့ဖူးမြို့မရဲစခန်းနှင့် ဒန်မခမ်သိယမြို့မရဲစခန်းတို့ကို ပို့ဆောင်ခဲ့ပါတယ်။
#Migrant #Times #Migrantworkers #Myanmar #Illegalmigration #Illegalmigrantworkers #Covid19TH
Source -MGROnline. Credit MigrantTimes Facebook




