တာ့က်ခရိုင်အတွင်းမှာ နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ
သတ်မှတ်ထားသည့် မြို့နယ်အတွင်းမှာသာ နေထိုင်ရမည် ဟု တာ့က်
ခရိုင်အာဏာပိုင်အဖွဲ့မှ ကြေညာချက်ထုတ်ပြန်
————————————————
မဲဆောက်၊ ဧပြီလ ၇
ထိုင်းနိုင်ငံ၊တာ့က်ခရိုင်အတွင်းမှာ နေထိုင်သည် မြန်မာရွှေ့ပြောင်းလုပ်
သားများကို သတ်မှတ်ထားသည့် မြို့နယ်ဧရိယာအတွင်းမှာသာ နေထိုင်
ရမည် ဟု တာ့က်ခရိုင်အာဏာပိုင်အဖွဲ့က ၂၀၂၂ ခုနှစ်၊မတ်လ ၃၀ ရက်
နေ့က အမိန့်ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊မတ်လ ၃၁ ရက်နေ့မှ စတင်၍
အမိန့်ပြန်လည် မရုတ်သိမ်းမခြင်း အတည်ဖြစ်သည် ဟု တာ့က်ခရိုင်
ပြန်ကြားရေးဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ” တာ့က်ခရိုင်အတွင်းမှာ နေထိုင်
သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မိမိတို့ နေထိုင်သော မြို့နယ်မှ
အခြားမြို့နယ်သို့ ပြောင်းရွှေ့အလုပ်,လုပ်ကိုင်ခြင်း၊သို့မဟုတ်၊ပြောင်း
ရွှေ့နေထိုင်းခြင်း မပြုလုပ်ရ ” ဟု ဖော်ပြထားသည်။
ခြွင်းချက်အနေဖြင့်
———————
လုပ်ငန်းလိုအပ်ချက်အရ နယ်မြေဖြတ်ကျော်သွားလာခြင်းကို ထိုင်းလူ
ဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ခွင့်ပြုလျှင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ သွားလာခွင့်ပြုသည်။
ထို့အတူ ပြန်တော်ပြန်ရန်အတွက် ထိုင်းနိုင်ငံ မြန်မာသံရုံးသို့ စာရင်းပေးသွင်းပြီး မဲဆောက် – မြဝတီဂိတ်၊ချစ်ကြည်ရေးအမှတ် ၂ တံတားမှ တဆင့် မြန်မာနိုင်ငံသို့ပြန်မည့်သူများကို ကိုဗစ် စည်းကမ်းသတ်မှတ်ချက်အညီ သွားလာခွင့်ပြုသည်။
တာ့က်ခရိုင်အတွင်းမှာ နေထိုင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ထားသည့် နေထိုင်သည့်အထောက်အထား စာရွက်စာ
တမ်းများ သက်တမ်းကုန်ဆုံးခါနီးသဖြင့် ပြန်လည်သက်တမ်းတိုးရန်အ
တွက် နယ်မြေဖြတ်ကျော် သွားလာရန်လိုအပ်ပါက အလုပ်ရှင်မှနယ်မြေ
ဖြတ်ကျော်မည့် မိမိ၏အလုပ်သမားစာရင်းကို အလုပ်သမားရှာဖွေရေး
ရုံးသို့ ကြိုတင်အကြောင်းကြား၍ သွားလာနိုင်သည်။အလုပ်သမားရှာ
ဖွေရေးရုံးမှ လုပ်ငန်းပြီးစီး၍ မိမိတို့နေထိုင်ရာသို့ ပြန်ရောက်သည့်အခါ
ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထပ်မံသတင်းပို့ပြီး ATK စနစ်ဖြင့် ကိုဗစ်
ရောဂါ ကူးစက်ခြင်း ရှိ/မရှိ စစ်ဆေး၍ အနည်းဆုံး ၃ ရက်ခန့် မိမိတို့နေအိမ်တွင် ကွာရန်တင်း ဝင်ရမည်။
အရေးပေါ်အခြေနေကိစ္စရပ်များရှိပါက မိမိတို့နေထိုင်ရာ မြို့နယ်ရုံးသို့
သတင်းပေးပို့ပြီး မြို့နယ်ရုံးမှ ခွင့်ပြုလျှင် ကိုဗစ် စည်းကမ်းချက်များ
နှင့်အညီ သွားလာခွင့်ပြုသည်။အရေးပေါ်နယ်မြေဖြတ်သန်းခွင့်ကို ယင်းသို့ တင်ပြလာသည့် စာရွက်စာတမ်း အချက်အလက်များကို မြို့
နယ်အုပ်ချုပ်ရေးမှူးမှ တာ့က်ခရိုင်ထွေ/အုပ်ရုံးသို့ တင်ပြရမည်။
အထက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းမရှိပါက ဥပဒေ ပုဒ်မ
၁၈ အရ၊ ၂ နှစ်ထက်မပိုသော ထောင်ဒဏ်၊ ဒဏ်ငွေ ဘတ် ၄ သောင်း
ထက်မပိုသော၊ ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်။(သို့မဟုတ်) ထောင်
ဒဏ်နှင့်ဒဏ်ငွေပါ နှစ်မျိုးလုံး ချမှတ်ခြင်း ခံရမည်။ ဟု တာ့က်ခရိုင်
အာဏာပိုင်အဖွဲ့က ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေ
ညာထားကြောင်း သိရသည်။
#မြဝတီမဲဆောက်မီဒီယာ
#သတင်းနှင့်ဘာသာပြန်ကိုဝေ

