တရားမဝင်မြန်မာလုပ်သားတွေကိုတင်ဆောင်လာတဲ့ကားတိမ်းမှောက် ၁၈ ဦးလုံးဒဏ်ရာပြင်းထန်


.
ဧပြီလ ၅ ရက်နေ့ ၂၀၂၂ ထိုင်း-မြန်မာနယ်စပ် ဖုတ်မလမြို့နယ်ဘက်မှာ တရားမဝင်မြန်မာလုပ်သား ၁၈ ဦးကိုတင်ဆောင်လာတဲ့ကားတစ်စီးတိမ်းမှောက်ပြီး လူ ၁၈ ဦးကို ဖုတ်ဖလဆေးရုံကိုတင်လိုက်ရတယ်လို့ သိရပါတယ်။
.
အခင်းဖြစ်တဲ့နေရာကတော့ ဘန့်ဟွေ့နုတ်လက်ကျေးရွာ ဖုတ်ဖလမြို့နယ် တာ့ခ်ခရိုင်မှာပါ။ ကယ်ဆယ်ရေးအဖွဲ့သွားရောက်တော့ ကားလမ်းမပေါ်မှာ အမျိုးသားရော၊ အမျိုးသမီးပါ ဒဏ်ရာတွေလဲနေကြတာကိုတွေ့တော့ ဆေးရုံကိုအရေးပေါ်တင်လိုက်ရပါတယ်။
.
သတင်းပေးပို့ချက်အရ ဖုတ်ဖလရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပြီး၊ လူတွေက ကားမှောက်ထားလို့ ဒဏ်ရာတွေရသွားကြတာကြောင့် အသေးစိတ်ကို မမေးမြန်းရသေးလို့ မဲဆောက်သတင်းက ဖော်ပြထားပါတယ်။
.
ကိုချစ် (ဇွဲကပင်မြေ)
ဓါတ်ပုံ – สำนักข่าวนครแม่สอด
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.
Twitter : https://bit.ly/3gGOuaL
Instagram : https://bit.ly/3HPR8a3
TikTok : https://bit.ly/3oLirLd
Youtube : https://bit.ly/34F5F9Z
.
#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC #Creadit_Photo

Leave a comment