“မြန်မာ့နွေဦးတော်လှန်ရေး”က
အာဆီယံနိုင်ငံတွေထဲက ပုံပြောင်းအာဏာရှင်စနစ်နဲ့ ဒီမိုကရေစီရောရာ နိုင်ငံတွေကို တုန်လှုပ်စေပါတယ်။
ဒီတော်လှန်ရေး အောင်မြင်ခဲ့ရင် သူတို့ရဲ့ထိုင်ခုံ ဖင်ပူလာမှာရော စီးပွားရေးအရ ခေါင်းပုံဖြတ် ဂျင်းထည့်လို့ မရတော့မှာပါ စိုးရိမ်ကြပါတယ်။ (မြန်မာ့နွေဦးက အဲ့ဒီနိုင်ငံက ပြည်သူလူထုတွေကိုလည်း စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။)
ဒီအထဲကမှ မြန်မာ့နွေဦးဟာ တရုတ်နဲ့ထိုင်းအပေါ် အများကြီးဆက်နွယ်မှုရှိပါတယ်။ ဒီ2နိုင်ငံလုံးကခေါင်းဆောင်တွေဟာ အာဏာရှင်တစ်ပိုင်းတွေ ဖြစ်တာကြောင့် မြန်မာ့နွေဦးကို မအောင်မြင်စေချင်တဲ့ နိုင်ငံတွေထဲမှာ ရှေ့ဆုံးကနေ ပါနေပါတယ်။
[ဒီနိုင်ငံတွေက ပြည်သူလူထုတွေရဲ့ သဘောထားနဲ့တော့ တပ်တူမကျမှာ သေချာပါတယ်] ဒီ(2)နိုင်ငံလုံးက ခေါင်းဆောင်တွေဟာ မြန်မာ့နွေဦးရဲ့ အဓိကရန်သူတော် စကစနဲ့ပူးပေါင်းဆောင်ရွက်မှုတွေက တော်လှန်ရေးရဲ့အရှိန်ကို ရိုက်ခတ်ပါတယ်။ အနောက်နဲ့ဥရောပနိုင်ငံတွေထက် ဒီ(2)နိုင်ငံရဲ့ အရှိန်က ပိုပြီးလက်တွေ့ကျကျ ရိုက်ခတ်ပါတယ်။
(တရုတ်)က စကစကို
စစ်ရေးနဲ့ စီးပွားရေးအရ အဓိကထောက်ပံ့ပါတယ်။ (ထိုင်း)ကတော့ တော်လှန်ရေးအတွက် လိုအပ်ချက်တချို့ကို ရနိုင်တဲ့ အရင်းမြစ်တစ်ခုဖြစ်သလို ရှောင်ရှားကြရတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူမှုအထောက်အကူပြုအဖွဲ့တွေအတွက်ပါ အခြေချစရာ နယ်မြေတစ်ခု ဖြစ်နေပါတယ်။ ဦးနုခေတ်ကစပြီး 88အလယ်၊ မြန်မာ့နွေဦးအဆုံး တော်လှန်ရေးသမားတွေ ကျင်လည်ရာ ဘူမိနက်သန်မြေ ဖြစ်ခဲ့ပါတယ်။ ဒါကို စကစ ကသိပြီးဖြစ်လို့ ထိုင်းအစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး တော်လှန်ရေးကို နှိပ်ကွပ်မှာကိုလည်း ကြိုမျှော်လင့်ခဲ့ကြပြီးသားပါပဲ။ အခုလည်း မျှော်လင့်ခဲ့ကြတာထက် ပိုဆိုးတာတစ်ခုကို ထိုင်းစစ်တပ်က ပေါ်တင်လုပ်လိုက်ပါတယ်။
အဆိုးဆုံးက ဒီရက်ပိုင်းထဲ KNUတပ်မဟာ(6)နယ်ထဲမှာ အထိနာနေတဲ့ စကစတပ်တွေကို ထိုင်းနယ်မြေထဲကနေ ထိုင်းစစ်တပ်က အရောက်ပို့ပေးတဲ့ကိစ္စပါပဲ။ မြန်မာဘက်က (ကိုယ်ပိုင်ဖာရုံ ၊ဖဲရုံ ၊လူကုန်ကူး၊ ကားကုန်ကူး၊ လက်နက်ပွဲစားလုပ် စီးပွားရေးကို လက်လွတ်မခံချင်တဲ့ ဖောက်ပြန်ရေးသမားလက်နက်ကိုင်အချို့)နဲ့ (ထိုင်းစစ်တပ်)ပူးပေါင်းပြီး တိုက်ပွဲခွင်ထဲအရောက် စကစတပ်တွေကို ပို့ပေးနေတာဟာ အလွန်စိတ်ပျက်ဖို့ကောင်းတဲ့ လုပ်ရပ်ပါ။ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ သိက္ခာမရှိတဲ့လုပ်ရပ်ကို ထိုင်းစစ်တပ် ကျူးလွန်ခြင်းပါပဲ။ ဂျီနိုဆိုက်တရားခံကို ဒဲ့ကူညီပြီး ပေါ်တင်ပူးပေါင်းဆောင်ရွက်ပြလိုက်တာပါပဲ။ UNကိုရော၊ အမေရိကန်ကိုရော ကမ္ဘာကိုပါ စော..က်ဂရု မစိုက်ဘူးဆိုတဲ့သဘောပါပဲ။
စစ်သားဘဝနဲ့အာဏာသိမ်းပြီး တရားဝင်ဖြစ်အောင် ဇွတ်လုပ်ယူထားတဲ့ ထိုင်းဝန်ကြီးချုပ်က မအလကို လေယာဉ်ဆီ ခိုးကြောင်ခိုးဝှက် ထောက်ပံ့နေရာကနေ စစ်ရေးအထိကို ပေါ်တင်ကူညီလိုက်ပါပြီ။
NUGအနေနဲ့ နိုင်ငံရေးနည်းအရ၊ သံတမံရေးရာအရ ဘာလုပ်မလဲ။ ဘာအသံထုတ်မလဲ။ အာဆီယံကို၊ UNကို၊ အမေရိကန်ကို ဘာတွေပြောမလဲ။ မြန်မာ့သမိုင်းမှာ လူ့အခွင့်အရေးကို အချိုးဖောက်ဆုံးနဲ့ နာမည်အပျက်ဆုံး မအလကို ထိုင်းစစ်တပ်က အခုလိုကူညီနေတာကို NUGအနေနဲ့ နှုတ်ဆိတ်နေမယ်ဆိုရင်တော့၊ သွေးတိုးစမ်းနေတာကို ငြိမ်နေမယ်ဆိုရင်တော့ ထိုင်းစစ်သားပါ စကစယူနီဖောင်းဝတ်ပြီး ဝင်တိုက်ဖို့ပဲ ကျန်တော့တယ်။
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူများပေးစာကမ်းစာကို စားပြီး ချို့ချို့ငဲ့ငဲ့ နေနေရတဲ့ ခိုကိုးရာမဲ့စစ်ဘေးရှောင်တွေကိုကျ ရန်သူသဖွယ် အတင်းအဓမ္မချိန်းခြောက် နှင်ထုတ်နေတဲ့ ထိုင်းစစ်တပ်က ဂျီနိုဆိုက်စကစတပ်ကိုကျ ကထိန်လှည့်သလို ကားအစီးရေအများကြီးနဲ့ လိုရာခရီးကို အရောက်ပို့ပေးတာဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူလူထုရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်။ စစ်ဘေးရှောင်တွေမှာတော့ သောင်းရင်းမြစ်အရှေ့ဘက်ကမ်းက မြန်မာပိုင်နက်ထဲမှာတောင် နေမရပါဘူး။ အခုမဖျက်ရင် တဲ မီးရှို့မယ်လုပ်တာ။ (တောမောင်း)လို့ခေါ်တဲ့ ထိုင်းလဝက ကလည်း တွေ့တာနဲ့တန်းဖမ်းတာပဲ။
ထိုင်းရောက်လူမှုအကူအညီပေးတဲ့အဖွဲ့တွေမှာလည်း ထိုင်းစစ်တပ်က ပေးမသွားခိုင်းလို့ စစ်ဘေးရှောင်တွေကို ရေနဲ့ထမင်းဗူးတောင် ပေးလို့မရတော့ပါဘူး။ ရိက္ခာခြောက်အနည်းငယ်သာ ကြိုမစုထားခဲ့ရင် စစ်ဘေးရှောင်ရင်း အငတ်ဘေးနဲ့ အရင်သေရမယ့်အဖြစ်။ ဘယ်အချိန် စကစလက်နက်ကြီးကျမလဲ၊ ဘယ်အချိန် စကစလေယာဉ်လာပစ်ချမလဲကို မကောင်းသူထိပ်၊ ကောင်းသူထိပ်ပဲ သဘောထားရင်း မြန်မာဘက်အခြမ်းမှာ ကပ်သပ်ပြီးနေနေကြရတယ်။
ထိုင်းစစ်တပ်က ဒီလိုလုပ်နေတာကို ကမ္ဘာ့သတင်းမီဒီယာတွေမှာ တက်လာဖို့ လိုနေပါပြီ။ နိုင်ငံတကာဖိအားနဲ့ အသံတွေက ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်ကို ထိန်းကျောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ ဒီအတွက် သက်ဆိုင်ရာအားလုံးကနေ လိုအပ်သလို လှုပ်ရှားကြသင့်ပါတယ်။ ယူကရိန်းသမ္မတရဲ့ သံတမန်စကားမဆန်တဲ့ သံတမန်စကားတွေက သူ့နိုင်ငံအတွက်အကျိုးရှိအောင် အသံထွက်ပြပုံတွေကို နမူနာယူသင့်ပါတယ်။
လူတိုင်းဟာ သူကိုယ်၌က မတရားသဖြင့်ပြုမူနေရင်တောင် သူဟာတရားမျှတမှုကို လိုလားသူဖြစ်ကြောင်း ပြောချင်၊ အသိမှတ်ပြုခံချင်ပါတယ်။ ဒီလို လူ့စိတ်သဘာဝကို အသုံးချပြီး မခံချင်အောင်ဆွပေးတာ၊ ငါတို့လည်းတရားမျှတမှုကို လိုလားတဲ့နိုင်ငံဖြစ်ကြောင်းပြသဖို့ ပူးပေါင်းဆောင်ရွက်လာအောင် မောင်းသွင်းတာမျိုး ပရိယာယ်သုံးပြီး မဟာဗျူဟာကျကျ လုပ်ဆောင်သင့်ပါတယ်။
ဒီလိုမှ မဟုတ်ရင် မျက်နှာမွဲနိုင်ငံရဲ့ မျက်နှာမွဲတော်လှန်ရေးဟာ တိုင်ပတ်သည်ထက် ပိုပတ်ပြီး ရွာလည်ကုန်လိမ့်မယ်။ မြင်သမျှဆင်ခြင်ကြည့်ဖို့ မျှဝေခြင်းသာ ဖြစ်ပါကြောင်း။
Crd.NNN #Mahn Tun Lunn




