မွန်ပြည်နယ်၊သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အမာခံ ၃ ဦးရဲ့ နေအိမ်နဲ့ စားသောက်ဆိုင်တွေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ သထုံမြို့ လေယာဉ်ကွင်းအနီးမှာ ရှိတဲ့ ဦးစောကျော်မိုး ပိုင်ဆိုင်တဲ့ Second Cafe Garden စားသောက်ဆိုင်၊ သထုံကျိုက်က္ကော်ရှိ ကိုဇော်မင်းသန်း ပိုင်ဆိုင်တဲ့ Peace Garden စားသောက်ဆိုင်နဲ့ ကိုအောင်ကျော်ဌေး နေအိမ်တို့ကို လာရောက် ချိပ်ပိတ်သွားခဲ့တာပါ။ စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်နဲ့ စားသောက်ဆိုင်တွေကို လာရောက်ချိပ်ပိတ်သွားခဲ့တာလို့ ဆိုပါတယ်။ ချိတ်ပိပ်ခံရတဲ့သူတွေထဲမှာတော့ အန်အယ်လ်ဒီ ပါတီအမာခံ ဦးစောကျော်မိုးဟာ မွန်ပြည်နယ် […]
သထုံမြို့နယ်က အန်အယ်လ်ဒီ အမာခံ ၃ ဦး နေအိမ်နှင့် စားသောက်ဆိုင်များ ချိပ်ပိတ်ခံရ

