တာခ်ခရိုင် ဖုတ်ဖရာ့မြို့ရှိ ဘန်ကောက်ရွှေဆိုင်တစ်ဆိုင် လုယက်မှုဖြစ်ပွား


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တာခ်ခရိုင် ဖုတ်ဖရာ့မြို့မရဲစခန်းမှ ရဲအရာရှိများသည် ဖုတ်ဖရာ့ဆေးရုံအ၀င်လမ်းမကြီးရှိဘန်ကောက်မြို့ရှိ ရွှေဆိုင် ၄ ဆိုင်ကို လူကြမ်းတစ်စု အနုကြမ်းစီး ရာဇ၀တ်မှုကျူးလွန်ကြောင်း ခံရကြောင်းအကြောင်းကြားချက်အရသိရသဖြင့် နီးစပ်ရာ ကင်းလှည့်အဖွဲ့ဦးစွာ သွားရန်ညွှန်ကြားပြီး ရဲအရာရှိနှင့်အဖွဲ့လိုက်ပါလာပြီးစုံစစ်ဆေးမှုပြုလုပ်ကြသည်။

ဒဏ်ရာရရှိသူတစ်ဦးအား ရဲအရာရှိမှ ဦးစွာဆေးကုသနိုင်ရန် ပို့ဆောင်ပေးခြင်းနှင့် မည်သူ မည်သို့ဆက်စပ်မှုရှိမရှိကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် စုံစမ်းစစ်‌ဆေးရေးဌာန နှင့် လူကြမ်းကြီးများနောက် လိုက်လံ ရဲ၀န်ထမ်းများအားစေလွှတ်ကာ အမှုမှန်ပေါ်ပေါက်ရေး ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖုတ်ဖရာ့မြို့က ဘန်ကောက်ရွှေဆိုင် အနုကြမ်း၀င်စီးသူ သုံးဦး မြန်မာပြည်ထဲထွက်ပြေးသွားသည်ဟုဆိုသည်။


ကံ၏လှည့်ကွက်။။ ။။

ရွှေမြန်ပြည်သား စုငွေပိုက်ကာ
ရွှေ၀ယ်ဖို့လာ နေ့လည်ခင်းမှာ
ဟိုကောင်လူကြမ်း ရွှေဆိုင်ထဲကို
လက်နက်ကိုင်ပြီး ဓါးမြတိုက်တာ
ကံဆိုးစွာနဲ့ လာပြီးဆုံတော့
အန္တရာယ်ကင်းရန် အမှန်ကန်ပုန်း
အတန်ကြာမှာ အသံတိက်တော့
ငြိမ်သွားဟန်ထင် ပုန်းရာကပင်
ထွက်၍လာမှ ကံဆိုးစွာနဲ့
….၏‌သေနတ် ကျည်ဆံထိမှန်
အမောင့်မှာကား “အား” ဟုလဲကျ
သွားပါတော့သည်။

Leave a comment