စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မဲဆောက်က ယာယီစစ်ရှောင်စခန်းမှာကလေးမီးဖွား

စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မဲဆောက်က ယာယီစစ်ရှောင်စခန်းမှာကလေးမီးဖွားထိုင်းနိုင်ငံ၊ မဲဆောက် ရှိ မဲ့တောင်ကလန်းစစ်ရှောင်စခန်းမှာရောက်နေတဲ့ လေးကေ့ကော်ဒေသက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ဒီဇင်ဘာလ (၂၀) ရက်ညက အဲဒီယာယီစစ်ရှောင်စခန်းမှာပဲကလေးတစ်ဦးမွေးဖွားခဲ့တယ်လို့ ဘန်ကောက်တိုင်းမ် သတင်းဌာနကဖော်ပြပါတယ်။မီးဖွားဖို့ အရေးပေါ်ဖြစ်လာတဲ့စစ်ရှောင်ကိုယ်ဝန်ဆောင်သည်ကို ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနက သူနာပြုတွေက ကူညီပြီး အဲဒီနေရာမှာပဲ အောင်အောင်မြင်မြင်နဲ့ မွေးဖွားပေးခဲ့တာပါ။သားယောင်္ကျားလေးမွေးဖွားခဲ့ပြီး မိခင်လည်း ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။ လက်ရှိထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မဲ့တောင်းကလန်းနဲ့ မဲ့ကိုကင်းရွာတွေမှာ ပင်မစစ်ရှောင်စခန်းနှစ်ခုထားရှိပေးထားပြီး စစ်ရှောင်ဦးရေ ၆၀၀၀ဝန်းကျင်ရှိနေပါပြီ။ ထိုင်းအာဏာပိုင်တွေ ဘက်ကတော့ စစ်ရှောင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး ကိုဗစ် အပါအဝင် လက်နက်ထိမှန်ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံ ကိုပို့ဆောင်ပြီးကုသပေးနေပါတယ်။ Photo & Ref – The Bangkok Timesဒီသတင်းတွေအပြည့်အစုံ အပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ်

https://www.bbc.com/burmese/live/burma-59562110 ကနေ တိုက်ရိုက်တင်ဆက်ပေးနေလို့ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Leave a comment