
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ထုံးကြီး၊ သစ်ခေါင်းတီး၊ ဝင်ဝကျေးရွာများတွင်းဝင်ရောက်ကာ အများပြည်သူနေအိမ်များကို မီးတင်ရှို့နေကြပြီး အနီးဝန်းကျင်တွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့တာကြောင့် မီးငြှိမ်းသတ်ရန်သွားသော ပြည်သူ ၂ ဦး ခြေထောက်နှင့် လက် ပြတ်သွားကြောင်း သတင်းရရှိသည်။
“ထုံးကြီးမှာ နေအိမ် ၆ လုံး၊ သစ်ခေါင်းတီးမှာ နေအိမ် ၅ လုံး၊ ဝင်ဝရွာမှာ နေအိမ် ၁ လုံးကို စစ်သားတွေက မီးရှို့သွားတယ်။ မြန်မာကျပ်ငွေ တန် ဖိုးသိန်း၂၀၀၀ ကျော်ပါတယ်၊ မီးရှို့ပြီးမိုင်းများထောင်ထာခဲ့ပါတယ်၊ မီးသွားငြိမ်းသော ပြည်သူ ၁ ဦးမိုင်ထိပြီး ခြေထောက်ပြတ်သွားတယ်၊ သစ် ခေါင်းတီးက ၁ ယောက်က လက်တဖက် ပြတ်သွားပါတယ်၊ တောင်တွင်းဒေသ အာရှပတ်လမ်းတစ်လျှောက်က ရွာတွေကို မီးဝင်ရှို့နေကြတာ” ဟုတ် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တွင် အဆိုပါဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ ၆၀ ဝန်းကျင်သေဆုံးပြီး အထိနာခဲ့သည်ဟု ဒေ သ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
“ဒီကောင်တွေက ဒီမနက် ၁၀ နာရီလောက်က စပြီး ရွာတွေကို မီးရှို့နေတာ၊ ပြီးခဲ့တဲ့ တိုက်ပွဲ ၂ ပွဲမှာ သူတို့ အတော်အထိနာသွားလို့ ရွာတွေကို မီးရှို့နေတာ၊ ဒီနေ့က တိုက်ပွဲ မဖြစ်ဘူး။ စစ်ခွေးတွေက အခုထိ မီးရှို့နေတုန်းပဲ” ဟု တောင်တွင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သို့ အတည်ပြုပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီက သစ်ခေါင်းတီးကားလမ်းတလျှောက် ရွာများကို ဝင်ရောက်မီးရှို့မှုကြောင့် ပျက် စီးဆုံးရှုံးမှုများကို စာရင်းလိုက်ကောက်နေကြောင်း တောင်တွင်း PDF ထံမှ သိရှိရသည်။khti thit