မိုးကုတ်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးသဖြင့် ဆိုင်ကယ်စီး လူငယ် ၂ ဦး ဗုံးပစ်ထွက်ပြေး

မန္တ​လေးတိုင်း မိုးကုတ်မြို့က မင်းတံတားရပ်ကွက် ရေပူလမ်းခွဲမှာ ဒီဇင်ဘာ ၁၄ ရက်နေ့မနက်ပိုင်းက ဆိုင်ကယ်စီးလာသူ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ “မနက်က စစ်သားတွေက စစ်နေတာ၊ ကြိုစောင့်နေတဲ့သဘောပဲ။ ဆိုင်ကယ်နဲ့လူ ၂ ယောက်လာတော့ လိုက်ဖမ်းတာ၊ ဟိုကလည်း အဖမ်းမခံဘဲ ဗုံးပစ်ပြေးတာ” လို့ အနီးအနားမြင်တွေ့သူတစ်ဦးက ပြောပါတယ်။ ဆိုင်ကယ်နဲ့ လူ ၂ ဦးက အဖမ်းမခံဘဲ ဗူံးပစ်ပြေးတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ ဝပ်ရှော့က မှန်တွေကွဲသွားခဲ့ကြောင်း၊ လူငယ် ၂ ဦးကိုတော့ ဖမ်းဆီးမိခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ DVB

မိုးကုတ်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးသဖြင့် ဆိုင်ကယ်စီး လူငယ် ၂ ဦး ဗုံးပစ်ထွက်ပြေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s