စွန့်ပစ်ခံထားရပြီး အစာရေစာပြတ်လပ်လို့ ဒုက္ခရောက်နေကြတဲ့ မြန်မာ ၁၃ ဦးအဖမ်းခံရ


စွန့်ပစ်ခံထားရပြီး အစာရေစာပြတ်လပ်လို့ ဒုက္ခရောက်နေကြတဲ့ မြန်မာ ၁၃ ဦးအဖမ်းခံရ

နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၁.

ထိုင်းနိုင်ငံ တာ့ခရိုင် မဲရမတ်မြို့နယ် တောတွင်းတစ်နေရာထဲမှာလည်း တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ သထုံ၊ ဘားအံမြို့နယ်ထဲက လာရောက်ကြသူတွေဖြစ်ပါတယ်။.အဲ့ဒီရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ကြမှာဖြစ်ပြီး ခရီးစရိတ်အဖြစ် ဘတ် ၂၀၀၀၀ ပေးခဲ့ရပါတယ်။

မြန်မာ ၁၃ ဦးမှာ ထိုင်းဘက်ခြမ်းကိုရောက်လာတော့တောထဲမှာစွန့်ပစ်ခံထားရပြီး၊ အစာရေစာပြတ်လပ်နေလို့ လမ်းမလျှောက်နိုင်တော့တဲ့ သူတွေလဲတွေ့ရတယ်လို့ မဲဆောက်သတင်းတွေမှာဖော်ပြထားပါတယ်။.

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းလုံခြုံရေးအဖွဲ့တွေက အစားအစာနဲ့သောက်ရေတွေ ပေးအပ်ခဲ့ပြီး အဲ့ဒီနောက် ရဲစခန်းထံကို လွှဲပြောင်းပေးအပ်ခဲ့ကာ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေRef: Klo FM.#MingalaparTH#Myanmar#Thailand#Journal#freecopy#mahachai#samutsakorn#betterlife#PostbyKoChit#BKK#Covid19TH

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s