Facebookကနေ meta ပြောင်းခြင်း

Facebook ကနေ ပြောင်းလဲမယ့် Metaverse ဆိုတာ ဘာလဲ၊ Metaverse နဲ့ပတ်သက်ပြီး Mark Zuckerberg က ဘာတွေ ရှင်းပြထားလဲ

ရန်ကုန်၊ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဖေ့ဘုတ်စ် လူမှုကွန်ရက်ဟာ Metaverse ဆိုပြီး တရားဝင် ပြောင်းလဲတော့မှာဖြစ်ပါတယ်။ Metaverse ဆိုတာဘာလဲ။ Facebook တည်ထောင်သူ Mark Zuckerberg က ဘာတွေ ရှင်းပြထားပါလဲ။

Metaverse ဆိုတာ
=====================

Facebook ရဲ့ နှစ်စဉ် Connect တွေ့ဆုံဆွေးနွေးပွဲမှာ Mark Zuckerberg က metaverse အပေါ်ထားတဲ့ သူ့ရဲ့ မျှော်မှန်းချက်နဲ့ အနာဂတ်မှာ metaverse တည်ဆောက်နိုင်ဖို့ ကုမ္ပဏီက ဘယ်လို ပါဝင်ဆောင်ရွက်သွားမလဲဆိုတာ ပြောကြားခဲ့ပါတယ်။

Metaverse ဆိုတာ သုံးဘက်မြင်ပုံရိပ်ယောင် လူမှုရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။ လူကိုယ်တိုင် အပြင်မှာ အတူမရှိရင်တောင် ပုံရိပ်ယောင်တွေနဲ့ ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး တစ်ခြားသူတွေနဲ့အတူတူ မျှဝေဆောင်ရွက်နိုင်၊ ပြင်ပကမ္ဘာမှာ မလုပ်နိုင်တဲ့အရာတွေကို အားလုံး အတူတူ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

“လက်ရှိအချိန်အထိ ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့တာတွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး နောက်ထပ် ဖန်တီးမယ့်အရာတွေအတွက် စိတ်လှုပ်ရှားနေမိပါတယ်။ ဒီနေ့လက်ခံထားကြတဲ့ ဖြစ်နိုင်ခြေတွေထက်ပိုတဲ့ ဘောင်ခတ်ထားတဲ့ ဖန်သားပြင်တွေကို ကျော်လွန်ပြီး၊ အကွာအဝေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျွန်တော်တို့ ကျော်လွန် ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် လူတွေအားလုံး တစ်ဦးနဲ့တစ်ဦး အတူတကွ ရှိနေတယ်လို့ ခံစားရပြီး အခွင့်အလမ်းအသစ်တွေ ဖန်တီးနိုင်၊ အသစ်အဆန်းတွေကို တွေ့ကြုံခံစားနိုင်တဲ့ အနာဂတ်တစ်ခုဆီ လျှောက်လှမ်းနေပါပြီ။ ဒါက ကုမ္ပဏီတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ အနာဂတ်ဆိုတာထက် ကျွန်တော်တို့ အားလုံး အတူတူ ဖန်တီးထားတဲ့ အနာဂတ်တစ်ခု ဖြစ်လာမှာပါ။” လို့ Mark Zuckerbergက ပြောပါတယ်။

“လက်ရှိအခြေအနေမှာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်က ထုတ်ကုန်တစ်ခုတည်းမှာပဲ အကုန်လုံးသွားပြီး ချိတ်ဆက်နေသလို ဖြစ်နေပါတယ်။ အနာဂတ်ကို ထည့်မတွက်ထားရင်တောင် ဒီနေ့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အရာအားလုံးကို ဒီတစ်ခုတည်းနဲ့ ကိုယ်စားပြုဖို့ မဖြစ်နိုင်ပါဘူး။ အချိန်ကြာလာတဲ့အခါ ကျွန်တော်တို့ကို metaverse ကုမ္ပဏီတစ်ခုအနေနဲ့ မြင်ပေးကြဖို့ မျှော်လင့်ပြီး ရှေ့ဆက် ကျွန်တော်တို့ ဖန်တီးတည်ဆောက်သွားမယ့် အရာတွေအပေါ် အလုပ်နဲ့ သက်သေပြသွားချင်ပါတယ်။” လို့ Mark Zuckerberg ကဆက်ပြောပါတယ်။

” Metaverse အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်နဲ့အတူ AR နဲ့ VR နည်းပညာပိုင်းမှာ လက်ရှိ ဆောင်ရွက်ထားပြီးဖြစ်တဲ့ အခြေခံ နည်းပညာအစိတ်အပိုင်းအချို့ရဲ့ တိုးတက်မှုတွေအကြောင်းကိုလည်း ထပ်ပြီး ဝေမျှပေးခဲ့ပါတယ် ” လို့ သူက ဆက်ပြောပါတယ်။

VR /AR-Virtual Reality / Augmented Reality (ပုံရိပ်အတုနှင့်ပုံရိပ်အစစ်)
=========================================================

VR ဆိုတာ Quest 2 ထွက်ရှိလာပြီးနောက်ပိုင်း အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဂိမ်းတွေ ပိုပြီး ခေတ်မီလာတယ်၊ VR က လူမှုဆက်ဆံရေးမှာ ပိုပြီး အသုံးဝင်လာတယ်၊ ကျန်းမာကြံ့ခိုင်ရေးကို တစ်ရှိန်ထိုး မြှင့်တင်ပေးလိုက်တဲ့ အရာတစ်ခု ဖြစ်လာတယ်၊ နောက်ပြီး VR ကို အလုပ်အတွက် အသုံးအဆောင်တစ်ခုအနေနဲ့ သုံးနိုင်တဲ့ နည်းလမ်းတွေများစွာ ဖန်တီးပေးနေပါတယ်။ ဒါ့အပြင် developer အသိုင်းအဝိုင်းအတွက် နည်းပညာကိရိယာနဲ့ လုပ်ဆောင်ချက်အသစ်တွေကနေတဆင့် သူတို့ရဲ့ အက်ပလီကေးရှင်းတွေကို ဖန်တီးမြှင့်တင်နိုင်ဖို့ ကူညီပေးရာမှာ ဆက်လက် ရင်းနှီးမြှပ်နှံသွားပါမယ်။

ပုံရိပ်အစစ်နှင့် ပုံရိပ်ယောင် ပေါင်းစပ်မှု (AR) သတင်း – VR က အရွေ့တစ်ခုကို ဖြစ်စေခဲ့တဲ့ အမှတ်တစ်ခု ဖြစ်သလို ဈေးကွက်ထဲမှာ အပြည့်အဝ အလုပ်လုပ်ပေးနိုင်တဲ့ AR မျက်မှန်တွေ ယူဆောင်ပေးနိုင်အောင် လိုအပ်တဲ့ ပင်မနည်းပညာနဲ့ လုပ်ဆောင်ချက်တွေအပေါ် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။ AR မျက်မှန်တွေ ထုတ်လုပ်ဖို့ စက်ပစ္စည်းပိုင်းမှာ လုပ်ကိုင်နေသလိုပဲ လက်ရှိ Facebook အသုံးပြုမှု အတွေ့အကြုံကို ပိုပြီး ပြည့်စုံကောင်းမွန်လာစေမယ့် အကြောင်းအရာ၊ လုပ်ဆောင်နိုင်စွမ်းနဲ့ လူမှုအသိုင်းအဝိုင်း စတဲ့ နယ်ပယ်တွေမှာပါ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပြီး AR မျက်မှန်နဲ့ သုံးနိုင်တဲ့ လမ်းကြောင်းကို ကြိုတင်ပြီး လမ်းပြပေးနေပါတယ်။

ကုမ္ပဏီရဲ့ မျက်နှာစာအသစ်တစ်ခုကို ပေါ်လွင်အောင် ထင်ဟပ်ပြသနိုင်ဖို့ Facebook ကုမ္ပဏီကို Meta လို့ တရား ဝင် အမည်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

Facebook ရဲ့ Meta ကုမ္ပဏီအမှတ်တံဆိပ်အသစ်ဟာ ကုမ္ပဏီရဲ့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်း၊ အနာဂတ်မှာ တည်ဆောက်နိုင်ဖို့ ကူညီပံ့ပိုးနေတဲ့ အရာတွေကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

Metaverse ဆိုတာ
===============

“Meta” ဆိုတဲ့ နာမည်ကို “အားလုံးထက်ကျော်လွန်သော” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနာမည်က ယနေ့ ဒစ်ဂျစ်တယ် ချိတ်ဆက်မှုတွေရဲ့ ဖြစ်နိုင်ခြေကို ကျော်လွန်တဲ့ လူမှုဆိုင်ရာ နည်းပညာတွေ ဖန်တီးသွားမယ်ဆိုတဲ့ကတိကဝတ်ကို ထင်ဟပ်စေမှာ ဖြစ်ပါတယ်။

ကုမ္ပဏီအမှတ်တံဆိပ်အသစ်ကို ကိုယ်စားပြုမယ့် လိုဂိုပုံစံနဲ့ အရောင်အသစ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ လိုဂိုပုံစံက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုသမိုင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြာရောင် အနုအရင့်တွေနဲ့ ပုံဖော်ထားပါတယ်။ လိုဂိုကို 3D ပုံစံ ရေးဆွဲဖန်တီးထားတာကြောင့် metaverse ထဲမှာ ပတ်ပတ်လည် ရွေ့ကြည့်နိုင်ပြီး အမှန်တကယ် အသက်ဝင်လှုပ်ရှားနေတဲ့ ခံစားမှု အတွေ့အကြုံကို ရရှိစေမှာပါ။

Meta- လူမှုနည်းပညာကုမ္ပဏီတစ်ခု စတင်မိတ်ဆက်ခြင်း
===========================================


ဒီနေ့ကျင်းပပြုလုပ်တဲ့ Connect 2021 အခမ်းအနားမှာ CEO ဖြစ်တဲ့ Mark Zuckerberg က အက်ပလီကေးရှင်းတွေနဲ့ နည်းပညာတွေအားလုံးကို ကုမ္ပဏီ အမှတ်တံဆိပ်အသစ်တစ်ခုအောက်မှာ အတူတကွ စုစည်းထားရှိဖို့ Meta ဆိုတဲ့ ကုမ္ပဏီတစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Meta ရဲ့ အဓိက ရည်မှန်းချက်က metaverse ကို အသက်ဝင်လာအောင် ဖန်တီးပုံဖော်ပေးပြီး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပေးဖို့၊ လူမှုအသိုင်းအဝိုင်းတွေ ရှာဖွေနိုင်ဖို့၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ဖြစ်ပါတယ်။

metaverse ဆိုတာ ဒီနေ့ခေတ်ရဲ့ အွန်လိုင်းပေါ်က လူမှုဆက်ဆံရေး အတွေ့အကြုံတွေကို ပေါင်းစပ်ထားတဲ့ နေရာတစ်ခုလို့ ခံစားရမှာဖြစ်ပြီး တစ်ခါတလေ သုံးဘက်မြင်ပုံရိပ်အဖြစ်၊ တစ်ခါတစ်လေ အပြင်မှာ တစ်ကယ်ရှိတဲ့ ပုံရိပ်တွေနဲ့ ပေါင်းစပ်မှုအဖြစ် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

metaverse က လူကိုယ်တိုင် အပြင်မှာ အတူမရှိရင်တောင် ပုံရိပ်ယောင်တွေနဲ့ ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး တစ်ခြားသူတွေနဲ့အတူတူ မျှဝေဆောင်ရွက်နိုင်၊ ပြင်ပကမ္ဘာမှာ မလုပ်နိုင်တဲ့အရာတွေကို အားလုံးအတူတူ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါဟာ လူမှုရေးနည်းပညာတွေ အများကြီးရှိတဲ့အထဲက နောက်ဆုံးပေါ် မျိုးဆက်သစ် တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ကုမ္ပဏီရဲ့ ကဏ္ဍအသစ်တစ်ခု ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ metaverse အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရည်မှတ်ချက်ကို တည်ထောင်သူမှာတမ်း မှာ Mark က မျှဝေပေးထားပါတယ်။

နှစ်စဉ် ကျင်းပမြဲ Connect တွေ့ဆုံဆွေးနွေးပွဲမှာ AR နဲ့ VR developers တွေ၊ အကြောင်းအရာ creators တွေ၊ ဈေးကွက်ထိုးဖောက်သူတွေနဲ့ အခြားနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေ အားလုံး အတူတကွ စုစည်းပြီး လုပ်ငန်းနယ်ပယ်ရဲ့ ပြောင်းလဲမှုအရှိန်နဲ့ တိုးတက်မှုတွေကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ဒီနှစ် အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ လာမယ့် ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ လူမှုဆက်ဆံရေးအတွက်၊ ဖျော်ဖြေရေး၊ ဂိမ်းကစားခြင်း၊ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေး ကဏ္ဍတွေမှာ metaverse ထဲကနေ ရယူဆောင်ရွက်နိုင်တဲ့ အတွေ့အကြုံတွေအကြောင်း လေ့လာခဲ့ကြပါတယ်။ Quest 2 မှာ ပုံရိပ်အစစ်တွေနဲ့ ပေါင်းစပ်ထားတဲ့ အတွေ့အကြုံသစ်တွေ ရရှိနိုင်မယ့် Presence Platform အပါအဝင် metaverse ဖန်တီးတည်ဆောက်ရာမှာ ကူညီပံ့ပိုးနိုင်တဲ့ နည်းပညာကိရိယာ အသစ်တွေ၊ မျိုးဆက်သစ် creators တွေကို လေ့ကျင့်ပေးဖို့ ပုံရိပ်ယောင်နဲ့ ပေါင်းစပ်ထားတဲ့ သင်ကြားမှုတွေမှာ အမေရိကန်ဒေါ်လာ သန်း (၁၅၀) ရင်းနှီးမြုပ်နှံသွားမယ့် အကြောင်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Connect ပွဲမှာ ပြောကြားခဲ့တဲ့ အမှာစကား အပြည့်အစုံနဲ့ metaverse ဟာ အခွင့်အလမ်းအသစ်တွေကို ဘယ်လို လမ်းဖွင့်ပေးထားလဲဆိုတာ ဒီနေရာ မှာ ထပ်ပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက Meta အမှတ်တံဆိပ်ကို ဘယ်လိုအချိန်ယူ ဖန်တီးခဲ့လဲဆိုတာကိုတော့ design blog မှာ ကြည့်ရှုနိုင်ပါတယ်။

လုပ်ငန်းဖွဲ့စည်းပုံမှာ အပြောင်းအလဲ မရှိပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ဖော်ပြချက်တွေမှာ ပြောင်းလဲသွားနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စတုတ္ထလေးလပတ်အတွက် ရလဒ်တွေကို Family of Apps နဲ့ Reality Labs ဆိုတဲ့ အပိုင်းနှစ်ခုနဲ့ ခွဲခြားပြီး ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကနေစပြီး MVRS မှာ ပြင်ဆင်ပြီးသားဖြစ်တဲ့ စတော့ရှယ်ယာလက်မှတ် အသစ်တွေကို စတင် အသုံးချသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီနေ့ ထုတ်ပြန်ကြေညာချက်က သုံးစွဲသူတွေရဲ့ အချက်အလက်ကို ဘယ်လို အသုံးပြုတယ်၊ ဘယ်လို မျှဝေတယ်ဆိုတဲ့အပေါ်မှာ ပြောင်းလဲသက်ရောက်မှု တစ်စုံတရာ မရှိပါဘူး။

Metaverse က ဘာတွေ ကတိပြုလဲ
=====================


Meta ကုမ္ပဏီသည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပြောဆိုရာတွင်၊ လူမှုအဖွဲ့အစည်းများ ရှာဖွေရာတွင်၊ စီးပွားရေး လုပ်ငန်းများ တိုးချဲ့ရာတွင် ကူညီပံ့ပိုးပေးနိုင်သော နည်းပညာများ ဖန်တီးတည်ဆောက်လျက် ရှိပါတယ်။ ၂၀၀၄ ခုနှစ်တွင် Facebook စတင် မိတ်ဆက်ပြီးသည့်နောက်ပိုင်း လူတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်သည့်ပုံစံ ပြောင်းလဲသွားခဲ့ပါတယ်။ Messenger ၊ Instagram နှင့် WhatsApp ကဲ့သို့သော အက်ပလီကေးရှင်းများမှာ ကမ္ဘာတစ်ဝန်းရှိ ဘီလီယံပေါင်းများစွာအတွက် ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။

ယခုအခါ Meta က ရိုးရိုး ဖန်သားပြင်ကို ကျော်လွန်ပြီး ပုံရိပ်ယောင်များ၊ ပုံရိပ်အစစ်နှင့် ပုံရိပ်ယောင် ပေါင်းစပ်မှု အတွေ့အကြုံများဖြင့် လူမှုဆက်ဆံရေး နည်းပညာနယ်ပယ်အတွင်း တစ်ခေတ်ဆန်းစေမည့် မျိုးဆက်သစ် တိုးတက်ပြောင်းလဲမှုများကို ဖန်တီးတည်ဆောက်နိုင်ရန် ကူညီပံ့ပိုးသွားမည် ဖြစ်တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s