အမှုက တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုမှု ၁၀ ခုကျော် ပြု လုပ်ထားရာမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားမှုက ၅ မှု ပါဝင်နေပါတယ်။

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစု ကြည်ကို ရွှေ ၇ ပိဿာနဲ့ ဒေါ်လာ ၆ သိန်းပေးခဲ့တယ်ဆိုတဲ့ အမှုကတော့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ဦးဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တရားခွင်မှာ ထွက်ဆိုချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီအမှုတွေကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာရှိတဲ့ အထူးသီးသန့်တရားရုံးမှာပဲ စစ်ဆေးနေတာဖြစ်ပြီး လက်ရှိအမှုရဲ့ ပေါ်ပေါက်ချက်တွေ၊ စစ်ဆေးနေတဲ့ အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းနဲ့ မေးမြန်းထားပါတယ်။

Leave a comment