ျမန္မာ ၈ ဦးနဲ႔ ထိုင္းပဲြစား စံခရဘူရီမွာ ထိုင္းရဲဖမ္းဆီး(Zawgyi / Unicode)

ခိုးဝင္ ျမန္မာ ၈ ဦးနဲ႔ ထိုင္းပဲြစား စံခရဘူရီမွာ ထိုင္းရဲဖမ္းဆီး(Zawgyi / Unicode)
ထိုင္းႏုိင္ငံသားတဦးရဲ႕ အကူအညီနဲ႔ ထိုင္းႏုိင္ငံထဲ နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ၈ ဦးကို ထိုင္းစစ္တပ္နဲ႔ ရဲ ပူးေပါင္းတပ္ဖြဲ႔က တနဂၤေႏြေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။အဲဒီ ျမန္မာႏုိင္ငံသားေတြ တင္ေဆာင္လာတဲ့ Nissan sedan အျဖဴေရာင္ကားကို စံခရဘူရီခ႐ိုင္၊ Song Kalia T လမ္းဆုံ စစ္ေဆးေရးဂိတ္မွာ မနက္ ၃ နာရီခဲြအခ်ိန္ ရဲက တားျမစ္စစ္ေဆးခဲ့ၿပီးေနာက္ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။အဖမ္းခံရသူ ျမန္မာေတြထဲမွာ အမ်ဳိးသား ၃ ဦး၊ အမ်ဳိးသမီး ၅ ဦး ပါဝင္တာပါ။ သူတို႔အားလုံး ဘုရားသုံးဆူကေန စံခရဘူရီမွာရွိတဲ့ နယ္စပ္ကိုျဖတ္ၿပီး ထိုင္းႏိုင္ငံထဲ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဆမြတ္စခြန္ခ႐ိုင္မွာ အလုပ္ရမယ္ဆိုၿပီး ဘုရားသုံးဆူမွာရွိတဲ့ အလုပ္ရွာေဖြေပးေရး ေအဂ်င္စီကို တေယာက္ ဘတ္ေငြ ၂၅,၀၀၀ ကေန ၂၈,၀၀၀ အထိ ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။အဖမ္းခံရသူေတြထဲက ၅ ဦးကို တရားမဝင္ ဝင္ေရာက္မႈ၊ ကိုဗစ္ထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္ေတြကို ခ်ဳိးေဖာက္ၿပီး ခရီးသြားလာမႈ ပုဒ္မေတြနဲ႔ တရားစဲြထားပါတယ္။ျမန္မာေတြကို ကားနဲ႔တင္ၿပီး ေခၚသြင္းလာတဲ့ ထိုင္းလူမ်ဳိး ကားေမာင္းဆရာ Lamun Khuntha ကေတာ့ အျခား ထိုင္းႏုိင္ငံသားတဦးကို သူက ဘတ္ ၂,၄၀၀ ေပးၿပီး အလုပ္ကိုင္ရွာေဖြခ်င္တဲ့ ဒီျမန္မာေတြကို ထိုင္းႏုိင္ငံထဲ သယ္ေဆာင္လာတာျဖစ္ေၾကာင္း ထြက္ဆိုပါတယ္။ ထိုင္းကားဆရာကိုလည္း တရားမဝင္ ဝင္ေရာက္သူေတြကို ကူညီမႈအတြက္ တရားစြဲထားပါတယ္။

#Thai_Myanmar
#MyanmarMigrant
#ထုိင္း_ျမန္မာ
#ျမန္မာအလုပ္သမား
#ဗြီအိုေအျမန္မာပုိင္း
————————(Unicode)
ခိုးဝင် မြန်မာ ၈ ဦးနဲ့ ထိုင်းပွဲစား စံခရဘူရီမှာ ထိုင်းရဲဖမ်းဆီးထိုင်းနိုင်ငံသားတဦးရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းစစ်တပ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။အဲဒီ မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ Nissan sedan အဖြူရောင်ကားကို စံခရဘူရီခရိုင်၊ Song Kalia T လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ မနက် ၃ နာရီခွဲအချိန် ရဲက တားမြစ်စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။အဖမ်းခံရသူ မြန်မာတွေထဲမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်တာပါ။ သူတို့အားလုံး ဘုရားသုံးဆူကနေ စံခရဘူရီမှာရှိတဲ့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆမွတ်စခွန်ခရိုင်မှာ အလုပ်ရမယ်ဆိုပြီး ဘုရားသုံးဆူမှာရှိတဲ့ အလုပ်ရှာဖွေပေးရေး အေဂျင်စီကို တယောက် ဘတ်ငွေ ၂၅,၀၀၀ ကနေ ၂၈,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။အဖမ်းခံရသူတွေထဲက ၅ ဦးကို တရားမဝင် ဝင်ရောက်မှု၊ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ခရီးသွားလာမှု ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။မြန်မာတွေကို ကားနဲ့တင်ပြီး ခေါ်သွင်းလာတဲ့ ထိုင်းလူမျိုး ကားမောင်းဆရာ Lamun Khuntha ကတော့ အခြား ထိုင်းနိုင်ငံသားတဦးကို သူက ဘတ် ၂,၄၀၀ ပေးပြီး အလုပ်ကိုင်ရှာဖွေချင်တဲ့ ဒီမြန်မာတွေကို ထိုင်းနိုင်ငံထဲ သယ်ဆောင်လာတာဖြစ်ကြောင်း ထွက်ဆိုပါတယ်။ ထိုင်းကားဆရာကိုလည်း တရားမဝင် ဝင်ရောက်သူတွေကို ကူညီမှုအတွက် တရားစွဲထားပါတယ်။
#Thai_Myanmar
#MyanmarMigrant
#ထိုင်း_မြန်မာ
#မြန်မာအလုပ်သမား
#ဗွီအိုအေမြန်မာပိုင်း

May be an image of one or more people, people standing, outdoors and tree

1.1K1.1K6 comments52 sharesLikeCommentShare

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s