မြန်မာစစ်ကောင်စီအပေါ် EU ဒဏ်ခတ်အရေးယူမယ့် အလားအလာ

EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ကြဖို့ဆိုတဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမဲ့ မြန်မာ စစ်တပ်ကို ဝင်ငွေအမြောက်အများရစေတဲ့ ကဏ္ဍတွေကို အဓိကထား ပြစ်ဒဏ်ခတ် ပိတ်ဆို့နိုင်မှသာ ထိရောက်မှု ရှိနိုင်လိမ့်မယ်လို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာစစ်ကောင်စီအဖွဲ့ကိုရော ၊ သူတို့အတွက် ဝင်ငွေလမ်းကြောင်း ဖြစ်စေတဲ့ ရေနံသဘာဝ ဓါတ်ငွေ့လုပ်ငန်းနဲ့ နိုင်ငံပိုင်ဘဏ်လုပ်ငန်းတွေကိုပါ EU အဖွဲ့ဝင်နိုင်ငံတွေက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ကြဖို့ ၊ EU ဥရောပပါလီမန်မှာ အောက်တိုဘာလ (၇)ရက်နေ့က ဆုံးဖြတ်ချက်ချမှတ်လိုက်တာကို ဥရောပနိုင်ငံတချို့မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပေမဲ့ ထိရောက်အောင်လုပ်ဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

” မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး EU အဖွဲ့ဝင်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ရမယ့်အထဲမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့လို ကဏ္ဍမျိုးကို ထည့်သွင်းဖို့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထဲ တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဒါက ကျနော်တို့ Burma Campaign UK အပါအဝင် ၊ ဥရောပထဲက အခြားမြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ သဘောဆန္ဒနဲ့လည်း တထပ်တည်း ကျပါတယ်။ စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေကနေ ဝင်ငွေအကြီးအကျယ် ရနေတာဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာစစ်ကောင်ရဲ့ နိုင်ငံခြားငွေကြေး ဝင်တဲ့လမ်းကြောင်းကို ပိတ်ဆို့နိုင်မှသာ ထိရောက်မှုရှိလာမယ်လို့ မြင်ပါတယ်။ “

ဒါပေမဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေ မဖြစ်မနေ လိုက်နာ လုပ်ဆောင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ ဥရောပသမဂ္ဂထဲက တနိုင်ငံချင်းအလိုက် သက်ဆိုင်ရာ အစိုးရတွေကို မေတ္တာရပ်ခံ တိုက်တွန်းနိုင်မှသာ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ပိတ်ဆို့မှုတွေ ဖြစ်လာနိုင်မယ်လို့ သုံးသပ်သူက ပြင်သစ်နိုင်ငံရောက် မြန်မာများအဖွဲ့ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ကိုထင်ကျော်လွင် ဖြစ်ပါတယ်။

“အခုအခြေအနေကတော့ စီးပွားရေးပိတ်ဆို့မှုက ပိုပြင်းထန်လာစရာအကြောင်းရှိတယ်။ မြန်မာပြည်မှာရှိနေကြတဲ့ နိုင်ငံတကာရဲ့ စီးပွားရေးတွေဟာ လုံခြုံမှုမရှိတော့ဘူး။ အာမခံချက်မရှိတော့တဲ့အတွက် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ပြန်စဉ်းစားဖို့အချိန်ရောက်လာပြီ။ အဲဒီတော့ ခုနတုံးက သူတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို သူတို့ဖာသာ သူတို့ထွက်မလား။ ဒါမှမဟုတ်လို့ရှိရင် ဗမာပြည်တွင်းထဲမှာရှိနေကြတဲ့ ကိုယ်ကျိုးစီးပွားကို ဒီအာမခံချက်မရှိတဲ့ဟာကို လက်လွှတ်အဆုံးရှုံးခံမလားပေါ့။ အဲဒီအချက် ၂ချက်ရှိတယ်။ အဓိကကတော့ ဗမာပြည်ရဲ့ နိုင်ငံရေး စစ်ရေးပြောင်းလဲနေတဲ့အခြေအနေပေါ်မှာပဲ နိုင်ငံတကာက ကြည့်ပြီး လုပ်တဲ့သဘောမှာရှိတယ်။ ဗမာပြည်တွင်းထဲက အခြေအနေမပြောင်းဘူးဆိုလို့ရှိရင် သူတို့ ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ သူတို့ရဲ့ သံခင်းတမန်ခင်းတွေက ပြောင်းလဲမှာ မဟုတ်ဘူး”

ဥရောပသမဂ္ဂထဲက နိုင်ငံတချို့ဟာ သူတို့ တိုင်းပြည်ရဲ့အကျိုးစီးပွားပေါ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ချင်ပုံမရဘူးလို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ထောက်ပြပါတယ်။

” မြန်မာနိုင်ငံတွင်း ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍကို EU အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့်ကိစ္စမှာ ပြင်သစ်က ကန့်ကွက်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်ရဲ့ TOTAL ကုမ္ပဏီက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ထားပြီး အဲဒီကနေ ငွေ အကျိုးအမြတ် အများအပြား ရနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမဟုတ်တဲ့ မြန်မာအစိုးရပိုင်ဘဏ်လုပ်ငန်းနဲ့ အခြား လုပ်ငန်းမျိုးကိုသာ ပိတ်ဆို့မှုလုပ်ဖို့ ပြင်သစ်က အကြံပေးနေတာပါ။ နောက်တနိုင်ငံကတော့ ဂျာမနီပါ၊ ဂျာမနီကလည်း မြန်မာနိုင်ငံအပေါ် ဘယ်လို ပိတ်ဆို့အရေးယူမျိုးကိုမှ လုပ်ချင်ပုံ မပြပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ဖြစ်လာအောင် ကျနော်တို့ ဂျာမနီကို ဖိအားပေးသင့်ပါတယ်။ အဓိကအားဖြင့် စစ်တပ်ပိုင် ဒါမှမဟုတ် သူတို့နဲ့ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို အရေးယူနိုင်မှသာ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ ယန္တရားကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ “

မကြာသေးခင် လပိုင်းတွေအတွင်း မြန်မာစစ်ကောင်စီအပေါ် ဗြိတိန်နိုင်ငံရော၊ အမေရိကန်ကပါ ဒဏ်ခတ်မှု အသစ်တချို့ လုပ်ခဲ့ပေမယ့် ထိရောက်အောင် တိကျတဲ့ ဖြည့်စွက်ဆောင်ရွက်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ Burma Campaign UK အဖွဲ့က ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကလည်း မြန်မာစစ်အာဏာပိုင်တွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမယ့် ဥပဒေကြမ်းတခုကို တင်သွင်းထားပါတယ်။

EU#MilitaryCouncil#Sanction#NUG#VOABurmese#ဥရောပသမဂ္ဂ#အရေးယူဒဏ်ခတ်#စစ်ကောင်စီ#ဗွီအိုအေမြန်မာပိုင်း

………………………………………………
{{Unicode}}

Leave a comment