NLD အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် မြေအောက်လမ်းကူး လူသွားဥမင်လိုင်ခေါင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်က တက်ရောက် ဖွင့်လှစ်
https://t.me/TachileikNewsAgency/13663
* ***
NLD အစိုးရလက်ထက်က အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်းအောက်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး မြေအောက်လမ်းကူးလူသွားဥမင်လိုင်ခေါင်း ပြီးစီးဖြစ်၍ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် အခမ်းနားပြုလုပ်ပြီး ဖွင့်ပွဲပြုလုပ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး မြေအောက်လမ်းကူးလူသွားဥမင်လိုင်ခေါင်းအား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က စတင်ပန္နရိုက်အခမ်းအနား ပြုလုပ်ခဲ့ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်းအပြီးဟု သတ်မှတ်ကာ လုပ်ဆောင်ခဲ့ရာမှ နိုင်ငံ့အာဏာသိမ်းခံရမှုဖြစ်ပေါ်ခဲ့ပြီးနောက် မည်သည့်အချိန်က ဆောက်လုပ်ပြီးမြောက်သွားသည်ကို မသိရသော်လည်း ဖွင့်ပွဲအား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့တွင် ပြုလုပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ခြင်း ဖြစ်သည်။
#TachileikNewsAgency
Photo: MDN








