ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတိုင်းအတွက်ဘော်ထော် 50 အကြောင်း

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတိုင်းအတွက်
ဘော်ထော် 50 အကြောင်းသိထားဖို့လိုအပ်ပါတယ် ။

ဘော်ထော် 50 ဟာ သက်တမ်းတိုးကြရမယ့် စာအုပ်တိုင်းနဲ့
သက်ဆိုင်ပါတယ် ။(အမ်အိုယူ 2 နှစ်ပြည့် ၊ 4 နှစ်ပြည့်ဝေါ့ပါမစ်
ထဲကသူဌေးနဲ့သက်တမ်းတိုးမည့်စာအုပ်များကလွဲပြီး)

ဘော်ထော် 50 ကို အုပ်စု 2 စု ခွဲထားပါတယ် ။

✴ ဘော်ထော် 50 အော် 1 ( บท 50 อ 1 – ဘော်ထော် ဟာ့စူန် အော် နူန် လို့ပြောကြပါတယ်)

30.9.2021 ဗီဇာ ဝေါ့ပါမစ် သက်တမ်းကုန်တဲ့ အုပ်စုနဲ့ 31.3.2022 ဗီဇာ ဝေါ့ပါမစ် သက်တမ်းကုန်တဲ့အုပ်စုတွေ မှာ လက်ရှိ ဝေါ့ပါမစ် ထဲကသူဌေးနဲ့ဘဲသက်တမ်းဆက်မယ့်အုပ်စု ဖြစ်ပါတယ် ။

ကျဟာငန်ရုံးမှာ ဝေါ့ပါမစ်ဖိုးအတွက်
30.9.2021 ကုန်စာအုပ်တွေက ဝေါ့ပါမစ်ခ 1450 ဘတ် သွင်းရပြီး
31.3.2022 ကုန်တဲ့စာအုပ်တွေက 1000 ဘတ်သွင်းရပါမယ် ။

ပကန်ဆန်ခုမ်ရှိသူအတွက် သွေးစစ်စရာမလိုတဲ့အတွက်သွေးစစ်ခမကုန်ပါဘူး ။

ပကန်ဆန်ခုမ်မရှိသူများအတွက် ရောဂါ 6 မျိူးသွေးစစ်ခ
500 ဘတ်နဲ့ ကိုဗစ်ရောဂါ အာမခံ 4 လ စာ နှစ်မျိူးဝယ်ရပါမယ် ။

ကိုဗစ်ရောဂါအာမခံအတွက်ဘန်ကောက်မြို့မှာ အာမခံကုမ္ပဏီ
3 ခု ( ทวีปเอเชีย ၊ ทิพย์ประกันภัย ၊ อาคเนย์ ) ကို
ခွင့်ပြု ပေးထားပြီး 990 ၊ 1100 နဲ့ 1200 တန် 3 မျိူးရှိပါတယ် ။

ဘော်ထော် 50 အော် 1 အုပ်စု က ဗီဇာနဲ့ဝေါ့ပါမစ် 13.2.2023 အထိ သက်တမ်းရရှိမှာဖြစ်ပါတယ် ။

ဒီစာအုပ်တွေက 31.3.2022 မတိုင်ခင်မှာသက်တမ်းတိုးကြ
ရမှာဖြစ်ပါတယ် ။

✴ ဘော်ထော် 50 အော် 2 ( บท 50 อ 2 – ဘော်ထော် ဟာ့စူန် အော် ဆော် င် )

30.9.2021 သက်တမ်းကုန်ပြီးလက်ရှိ ဝေါ့ပါမစ်ထဲကသူဌေး
နဲ့မဟုတ်ဘဲ သူဌေးအသစ်နဲ့သက်တမ်းတိုးမယ့်စာအုပ်တွေ ၊

1.1.2021 နောက်ပိုင်း ဝေါ့ပါမစ် သက်တမ်းကုန် စာအုပ်တွေ
နဲ့ သူဌေးပြောင်းစာရွက် ( ဘိုင်ကျင်းအော့ )သက်တမ်းကုန် စာအုပ်တွေ ကို ဘော်ထော် 50 အော် 2 အုပ်စု လို့ခေါ်ပါတယ် ။
(ဒီအုပ်စုထဲမှာ အမ်အိုယူ သက်တမ်းကုန် ၊ ဘိုင် ကျင်းအော့
ရက်ကျော် စာအုပ်တွေပါ အကျူံးဝင်ပါတယ်)

ကျဟာငန်ရုံးမှာ ဝေါ့ပါမစ်ဖိုးငွေ 1900 ဘတ် သွင်းရမှာ
ဖြစ်ပါတယ် ။

ပကန်ဆန်ခုမ်ရှိသူအတွက်ရောဂါ 6 မျိူးစစ်ဆေးခ အတွက်
500 တန်သွေးစစ်ပေးရပါမယ်။

ပကန်ဆန်ခုမ်မရှိသူများအတွက် ရောဂါ 6 မျိူးသွေးစစ်ခ
500 ဘတ်နဲ့ ကိုဗစ်ရောဂါ အာမခံ 4 လ စာဝယ်ရပါမယ် ။
(ဒီအုပ်စုမှာ ပကန်ဆန်ခုမ်ရှိသူ မရှိသလောက်ဖြစ်ပါတယ်)

ကိုဗစ်ရောဂါအာမခံအတွက်ဘန်ကောက်မြို့မှာ အာမခံကုမ္ပဏီ
3 ခု ( ทวีปเอเชีย ၊ ทิพย์ประกันภัย ၊ อาคเนย์ ) ကို
ခွင့်ပြု ပေးထားပြီး 990 ၊ 1100 နဲ့ 1200 တန် 3 မျိူးရှိပါတယ် ။

ဗီဇာနဲ့ဝေါ့ပါမစ် သက်တမ်း 13.2.2023 အထိရမှာ
ဖြစ်ပါတယ် ။

သိထားရမယ့်အချက်က ဘော်ထော် 50 အော် 2 အုပ်စု တွေဟာ 3.12.2021 အထိဘဲ လုပ်ခွင့်ပေးပါတယ်။

✴ ဘော်ခေါ် 50 အုပ်စုတွေအတွက် ဗီဇာ နဲ့ပတ်သက်ပြီး
သိထားကြရမှာက

တချို့တွေက 31.3.2021 မတိုင်ခင်ကထဲကမြန်မာဘက်
စာအုပ်သက်တမ်းကုန်နေကြတဲ့အတွက် ထိုင်းဗီဇာသက်တမ်း
တိုးလို့မရဘဲ ဝေါ့ပါမစ်ကိုဘဲ သက်တမ်းတိုးထားကြရတဲ့စာအုပ်
တွေ ရှိပါတယ် ။

စာအုပ်အသစ်ရလာချိန်မှာ တောမောက ဝေါ့ပါမစ် သက်တမ်း
ရှိတဲ့အတိုင်း ဒဏ်ငွေမရှိ ဗီဇာတုံးထုပေးမှာဖြစ်ပါတယ် ။

ဥပမာ – 20.3.2021 ကထဲက မြန်မာဘက်သက်တမ်းကုန်နေ
တဲ့ စီအိုင်စာအုပ် ကို အခုအချိန် ဝေါ့ပါမစ် ဘော်ထော် 50 လုပ်ထားတယ် ။ စာအုပ်အသစ်သွားထုတ်ပြီးချိန် ဗီဇာထုမယ်
ဆိုရင် ထိုင်းတောမောက 13.2.2023 အထိ ဗီဇာပေးမှာ
ဖြစ်ပါတယ် ။ 13.2.2023 အတွက် 1 နှစ်စာဘဲ ဗီဇာဖိုးကုန်မှာ
ဖြစ်ပါတယ် ။ ဗီဇာမထုခဲ့တဲ့ 2021-2022 တွေအတွက် ဗီဇာ ဖိုးတွေ ကို ကုန်စရာမလိုတော့ပါဘူး ။

ဒီလိုမြန်မာဘက်သက်တမ်းကုန်နေတဲ့စာအုပ်တွေအနေနဲ့
ဗီဇာ သက်တမ်းတိုးထားစရာမလိုဘဲ ဝေါ့ပါမစ်ကိုသာ
သက်တမ်းဆက်တိုးထားကြဖို့လိုပါတယ် ။

စာအုပ်အသစ်တွေကို တော့ 1.8.2022 မတိုင်ခင်မှာ အပြီး
လဲထားရမှာဖြစ်ပါတယ် ။

❎ စာအုပ်သက်တမ်းကုန်နေပြီး အသစ်မထုတ်ရသေးခင် ဘော်ထော် 50 လုပ်ထားတဲ့ စာအုပ်တွေအတွက် အရေးကြီး
သိထားရမယ့်အချက်က စာအုပ်ထုတ်ပြီးဗီဇာထုပြီးချိန်မှာ ဗီဇာစာမျက်နှာကို ကိုယ်ဝေါ့ပါမစ်လုပ်ခဲ့တဲ့သူကိုပြန်ပေးရမှာ
ဖြစ်ပြီး လုပ်ပေးတဲ့ကုမ္ပဏီ က ကျဟာငန်အလုပ်သမားရုံးကို
ပို့ပေးမှသာလျှင်ဝေါ့ပါမစ်စာအုပ်အပြာရောင်ကိုထုတ်ပေးမယ်
လို့သိထားရပါတယ် ။ ဒါကြောင့်မို့လို့ ဝေါ့ပါမစ်လုပ်ထားတဲ့သူနဲ့
သာ ဗီဇာသက်တမ်းဆက်ကြဖို့အကြံပေးချင်ပါတယ် ။

(ဘော်ခေါ် 50 ဝေါ့ပါမစ်နမူနာပြပေးထားပါတယ်။)

မိုးခိုင်#

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s