စက်တင်ဘာ 28..အထောက်ထားမဲ့ ရွှေမြန်မာတွေအတွက် သတင်းကောင်းလား??သတင်းဆိုးလား??
အလုပ်သမားဝန်ကြီးဌါနမှ လုပ်ငန်းခွင်တွေမှာ အထောက်ထား မရှိပဲ အလုပ်၊လုပ်နေသူများကိုဝင်ရောက်စစ်ဆေးပြီး တွေ့ရှိပါက ချက်ချင်းဖမ်းစီးပြီး လိုင်စင်(အထောက်ထားရှိသူဖြစ်အောင်)လုပ်ပေးမည် ဖြစ်ကြောင်းကို အလုပ်ရှာဖွေရေးဦးစီးဌါနရဲ့ ပြန်ကြားရေး FB pageမှာ ယနေ့ ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ်..ယနေ့ စက်တင်ဘာ 28ရက်နေ့ ထိုင်းအစိုးရ ဝန်ကြီးစုံညီ အစည်းဝေးမှာ အလုပ်သမားဝန်ကြီး စူချ ချုမ်ကလင်မှ ကိုဗစ်19ကူးစက်ပြန့်ပွါးမှူ့ကို အဓိကထားပြီး ထိရောက်စွာ ကါကွယ်နိုင်စေရန် အဖို့ငှာ အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမား လာအို ကမ်ပူးချား မြန်မာစတဲ့ နိုင်ငံသားတွေကို တရားဝင်အလုပ်၊လုပ်ခွင့်ပေးရန် တင်ပြဆွေးနွေးရာမှာ ထိုင်းဝန်ကြီးချုပ် ပရယွတ် ကျန်အိုချာမှ မီးစိမ်းပြ သဘောတူခဲ့ကြောင်း သိရပါတယ်…ထို့ကြောင့် အလုပ်သမားဝန်ကြီးမှ အလုပ်ရှာဖွေရေး ဦးစီးဌါနများသို့ လုပ်ပိုင်ခွင့်နှင့် လုပ်ရမည့်အချက်များကို အောက်ပါအတိုင်း ချမှတ်ပေးလိုက်ပါတယ်…1…သက်ဆိုင်ရာတာဝန်ရှိများမှ ဆောက်လုပ်ရေး ဆိုဒ်များ အလုပ်ရုံများ စသည့် ရွှေ့ပြောင်းအလုပ်သမားများ ရှိသည့်နေရာများသို့ ဝင်ရောက် စစ်ဆေးပြီး ကျန်းမာရေးဆိုင်ရာ အချက်လက်များကို အလုပ်ရှင်နှင့် အလုပ်သမားများအား အချိန်တစ်လကြာ နည်းပြလမ်းဆောင်ပေးခြင်း..2..အထောက်ထားမဲ့ အလုပ်သမားများ တွေ့ရှိပါကချက်ချင်း ဓါတ်ပုံရိုက်ယူခြင်း ၎င်းအလုပ်သမား၏ကိုယ်ရေးအချက်လက်များကို ကနဦးရယူခြင်း..အလုပ်၊လုပ်ခွင့် လျှောက်လွှာတွင် အလုပ်သမားကိုယ်စား အလုပ်ရှင်မှ ဖြည့်စွက်ကါ ခွင့်တောင်းခြင်း..သက်သေအထောက်ထားများအား ပြည့်စုံစွာ စုဆောင်းရယူခြင်း..3…အလုပ်ရှာဖွေရေး ဦးစီးဌါန၌ လျှောက်လွှာတင်ရန် အလုပ်ရှင်အား ရက်ချိန်းပေးပြီး သုံးရက်အတွင်း လျှောက်လွှာတင်ရမည်ဖြစ်သည်..လျှောက်လွှာတစောင်လျှင် ဘတ်တစ်ရာပေးရမည်ဖြစ်ပြီး ကျန်ပေးဆောင်ရမည့် အခကြေးငွေနူန်းထားမှာ ဥပဒေမှ သတ်မှတ်ထားသည့်အတိုင်း ဖြစ်ပြီး တာဝန်ရှိများမှ ငွေရှင်းပြီးဘောင်ချာအား အလုပ်၊လုပ်ခွင့်ပါမစ်(ပန်းရောင်ကါဒ်)အစား ကနဦးထုတ်ပေးထားပြီး 2023ခုနှစ် ဖေဖေါ်ဝါရီလ 13ရက်နေ့ထိ အသုံးပြုခွင့် ရှိမည်ဖြစ်သည်…အကယ်၍ အလုပ်ရှင်နှင့် အလုပ်သမားများ အနေနှင့် နားမလည်သည့် အချက်များရှိပါက အလုပ်ရှာဖွေရေး ဦးစီးဌါနသို့ သွားရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း သို့မဟုတ် အရေးပေါ်ဖုန်း 1506ကိုဆက်ပြီး 2က်ိုနှိပ်၍ အချက်လက်များ ရယူနိုင်ကြောင်း နောက်ထပ် အရေးပေါ်ဖုန်းနံပါတ်တခုမှာ 1694ဖြစ်ပြီး ဘာသာပြန် အော်ပရေတာများဖြင့်လဲ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရပါတယ်..
https://www.doe.go.th/prd/main/news/param/site/1/cat/7/sub/0/pull/detail/view/detail/object_id/50950
MKSW..MMP#
အလုပ်ရှာဖွေရေးဦးစီးဌါန
#ပန်းရောင်ကါဒ်အသစ်လုပ်ခြင်း
#แรงงานต่างด้าว#Covid19..
#MMP
