စစ်ကောင်စီကျူးလွန်နေသည့် အကြမ်းဖက်မှုများကို NUG က UN ၌ ယခုလ ၂၂ ရက်တွင် တင်ပြခွင့်ရရှိ

စစ်ကောင်စီကျူးလွန်နေသည့် အကြမ်းဖက်မှုများကို NUG က UN ၌ ယခုလ ၂၂ ရက်တွင် တင်ပြခွင့်ရရှိ

ရန်ကုန် ၊ စက်တင်ဘာ ၁၉

လာမည့် ဗုဒ္ဓဟူးနေ့ ၊ စက်တင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ၌ စစ်ကောင်စီ ကျူးလွန်နေသည့် လူ့အခွင့်ချိုးဖောက်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှု များကို NUG က အွန်လိုင်းမှတဆင့် ကိုယ်တိုင်တင်ပြခွင့်ရမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဇူလိုင်လကစပြီး စစ်တပ်ကကျူးလွန်နေသည့် အရပ်သားများအား အကြမ်းဖက်မှုအကြောင်းအစီရင်ခံစာကို လက်ရှိ ကျင်းပနေဆဲ ကုလလူ့အခွင့်အရေးကောင်စီသို့ NUG က ယနေ့တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထို အအစီရင်ခံစာပါအကြောင်း အရာများကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိ တင်ပြမည့် အစီအစဥ်မတိုင်မီ တင်ပြခွင့် ရရှိမည် ဖြစ်သည်။

” အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားလျက်ပါ” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ကုလ လူ့အခွင့်အရေး ကောင်စီသို့ ပေးပို့ခဲ့သည့် အစီရင်ခံစာ၌ အဆိုပါ တိုင်းနှစ်ခုတွင် စစ်ကောင်စီတပ်များ၏ အရပ်သားများအပါ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ၊ အသက်သေဆုံးသည်ထိ ညှဉ်းပမ်းနှိပ်စက်ခြင်းများကို ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီအား လက်နက်‌ရောင်းချခြင်းနှင့် စစ်ရေး အကူအညီပေးခြင်း ရပ်တန့်ရန်၊ တရားမျှတမှုအတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် တောင်းဆိုထားသည်။
Burma Associated Press

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s