တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင် ၁၁ ဦးဖမ်းမိ

ထိုင်းန်ိုင်ငံ ကန်ကျနဘူရီခရိုင် ဆိုင်ယို့မြို့နယ်ရှိတောထဲတနေရာမှာ ထိုင်းကိုတရားမဝင် ဝင်ရောက်လာပြီး ပုန်းနေတဲ့မြန်မာ ၁၁ ဦီးကို ထိုင်းနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိထားတယ်လို့ ကန်ကျနဘူရီအခြေစိုက်သတင်းတွေမှာဖော်ပြထားပါတယ်။
.
စက်တာဘာလ ၁၄ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ်သားတွေက တွေ့သွားတာဖြစ်ပါတယ်။
၁၁ ဦီးထဲမှာတော့ ကျား ၈ ဦီး၊ မ ၃ ဦီးဖြစ်ပါတယ်။ သူတို့ကို မူ ၃ ဘောင်တီးကျေးရွာအုပ်စု၊ ဆိုင်ယို့မြို့နယ် ကန်ကျနဘူရီခရိုင်တွင်းမှာဖမ်းဆီးလိုက်တာပါ။
.
မေးမြန်းချက်အရ သူတို့တွေကမန္တလေးဘက်ကလာကြပါတယ်။ လူခေါ်ပွဲစားနောက်ကိုလိုက်လာကြတာပါ။ ထိုင်းကိုလမ်းလျှောက်ဝင်လာပြီး တနေရာလဲရောက်တော့လမ်းပြဖြစ်သူက ဒီမှာပဲပုန်းနေကြပါ နွန်ထဘူခရိုင်ကိုသွားဖို့ ကားလာကြိုလိမ့်မယ်လို့ပြောပါတယ်။ မြန်မာ ၁၁ ဦီးဟာကားရောက်မလာမီ ပုန်းနေတဲ့နေရာကို ထိုင်းစစ်တပ်ကအရင်တွေ့သွားတာပါ။ ထိုင်းကိုဝင်ရောက်ဖို့ တစ်ဦီးကို ၁၈၀၀၀-၂၀၀၀၀ ဘတ်လောက် ပွဲစားကိုငှားခဲ့ရတယ်လို့ ဖမ်းမိတဲ့မြန်မာတစ်ဦီးကပြောပါတယ်။
.
ကိုချစ် ဇွဲကပင်မြေ
เรียบเรียงจาก-ข่าวภูมิภาคกาญจนบุรี

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s