ထိုင်းတောင်ပိုင်း စူရတ်ဌါနီခရိုင် ဘန်ကုင်းမြို့ မူ1 ပတ်ဝန်းကျင်၌ စက်တင်ဘာ 16ရက်နေ့ 10နာရီ10မီနစ်အချိန်တွင် မြန်မာအလုပ်သမား 6ဦးစီးနင်းလာသော ကါးအား သတင်းအရ စစ်ဆေးရာ မလေးရှားမှ စက်တင်ဘာ11ရက်နေ့တွင် စူရတ်ဌါနီသို့ ရောက်ရှိလာပြီး ဘန်ကောက်သို့ ဆက်လက်သွားရန် စောင့်ဆိုင်းနေကြောင်း ဝန်ခံသည့်အတွက် ကိုဗစ်19အား ATKစနစ်ဖြင့် စစ်ဆေးရာ ကိုဗစ်19ကူးစက်ခံရသူ5ဦး ဖြစ်ကြောင်း သိရှိရပါသည်။
စီးနင်းလာသော ISSUZကါးအနီရောင်ပိုင်ရှင်ဖြစ်သူမှာ အသက်57နှစ် အမည်ဦးအာလီ(ထိုင်းနိုင်ငံသား)ဖြစ်ပြီး စူရတ်ဌါနီခရိုင် ကန်ကျနဒစ်မြို့နယ် ထါ့ထောင်မိုင်အရပ်၌ နေသူဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အလုပ်သမား 6ဦးအား ဆက်လက်စစ်ဆေးရာ စုစုပေါင်း မလေးရှားမှ ထိုင်းသို့ ခိုးဝင်လာသူမှာ 12ဦးဖြစ်ပြီး ကျန်6ဦးမှာ ခရီးသည်တင် ဘပ်ကါးကြီးဖြင့် သွားနှင့်ပြီဖြစ်ကြောင်းကိုလဲ သိရှိရပါသည်။
..MKSW..MMP
#จังหวัดสุราษฎร์ธานี
#แรงงานต่างด้าวหลบหนีเข้าเมือง
#Covid19#MMP..
