ထိုင်းနိုင်ငံ လူကုန်ကူး မှောင်ခိုဂိုဏ်းတခုအား ထိုင်းတာဝန်ရှိများမှ ပရကျွတ်ခရိုင်အတွင်း ခြေရာခံဖမ်းစီး.
ယမန်နေ့ စက်တင်ဘာ 15ရက်နေ့၌ ထိုင်းနိုင်ငံတောင်ပိုင်း ပရကျွတ်ခီရီခံခရိုင် ပရန်ဘူရီမြို့ ဝမ်ပုံအရပ် မူ3တွင် ကမ်ပူးချားနိုင်ငံသား ကျား..3ဦး မ..2ဦး ပေါင်း5ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး1ဦးတို့ကို ခိုးဝှက်နေထိုင်ရာ အထက်ပါလိပ်စာရှိ အိမ်တွင်း၌ ထိုင်းသက်ဆိုင်ရာ တာဝန်ရှိများမှ ဖမ်းစည်းလိုက်ကြောင်း ထိုင်းရှေ့ဆောင်သတင်းမီဒီယာမှတဆင့် သိရှိရပါသည်။
အိမ်ရှင်အမျိုးသား အသက်54နှစ်အရွယ် တဦးကိုပါ ဖမ်းစီးရမိ၍ ကနဦးစစ်ဆေးချက်အရ အသိမိတ်ဆွေတဦးထံမှ တဆင့် တဦးလျှင်1,500 ဘတ်ဖြင့် မိမိအိမ်တွင်း ခိုးဝှက်နေထိုင်ခွင့် ပေးထားပြီး အလုပ်ရသည်နှင့် လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း ဖူကက်မြို့သို့ သွားရောက်အလုပ်၊လုပ်ကိုင်ကြမည်ဖြစ်ပြီး တဦးလျှင်ပွဲစားခ ဘတ်ငွေ 18,000ပေးဆောင်ကြရကြောင်းကို သိရှိရပါသည်။
ထို့ကြောင့် ထိုင်းတာဝန်ရှိများမှ ဆက်လက်စစ်ဆေးပြီး ပါဝင်ပတ်သက်သည့် တရားခံများကို ဖေါ်ထုတ်ဖမ်းစီးသွားမည်ဖြစ်ကြောင်း ပရကျွတ်ခီရီခံခရိုင်သည် ခိုးဝင်အလုပ်သမားများအတွက် အဓိကလမ်းကြောင်းတခုဖြစ်ပြီး ထိုင်းနိုင်ငံနေရာ အနှံအပြားသို့ ပို့ဆောင်ပေးနေသော လူကုန်ကူးမှောင်ခိုဂိုဏ်းများ၏ စားကျက်ဖြစ်ကြောင်း ဖေါ်ပြထားတာကို တွေ့ရပါသည်။MKSW .MMP
#จังหวัดประจวบคีรีขันธ์
#แรงงานต่างด้าว#MMP
