ထိုင်းအလုပ်သမား ဝန်ကြီးဌါန အလုပ်သမားဝန်ကြီး စူချ ချုမ်ကလင်မှ MOUစနစ်ဖြင့် အလုပ်သမား ခေါ်ဆောင်ရေးအား စည်းဝေးဆုံးဖြတ်
လက်ရှိအခြေနေမှာ ထိုင်းနိုင်ငံအတွင်း ကိုဗစ်19ကူးစက်မှူ့ တိုးမြင့်နေသည့် ကါလဖြစ်သည့်အလျှောက် အလုပ်သမားဝန်ကြီးမှ သက်ဆိုင်ရာဌါနများမှ တာဝန်ရှိများနှင့် တွေ့ဆုံပြီး ထိုင်းနိုင်ငံ စီးပွားရေး လည်ပတ်နိုင်ရန်နှင့် လူကုန်ကူးမှူ့ နဲပါးစေရန်တို့ကို ရည်ရွယ်ပြီး အလုပ်ရှင်များ၏ အလုပ်သမား လိုအပ်မှူ့ကိုပါ ဖြည့်စည်းနိုင်စေရန် အဖို့ငှာ အစည်းဝေး၌ အောက်ပါအတိုင်း သဘောတူ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါသည်….ထိုင်းနိုင်ငံအတွင်းသို့ MOUစနစ်ဖြင့် ဝင်ရောက်လာပြီး အလုပ်၊လုပ်ကိုင်ခွင့်ကို အဖွဲ့ သုံးဖွဲ့ခွဲပြီး ခွင့်ပြုလိုက်သည်..အစိမ်းရောင်အဖွဲ့..ကိုဗစ်19ကါကွယ်ဆေး ပထမနှင့် ဒုတိယ နှစ်ကြိမ်တိတိထိုးပြီး အချိန်တလကြာ ရှိပြီးသူများကို ပထမဆုံးအဖွဲ့အဖြစ် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး အလုပ်၊လုပ်ကိုင်ခွင့် ပေးလိုက်သည်။
.ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေပတ်စပို့ကို တင်ပြနိုင်ရမည်..အဝါရောင်အဖွဲ့..ဆေးနှစ်ကြိမ် ထိုးပြီးသော်လည်းပဲ အချိန်တလမပြည့်သေးသော သူများကို ဒုတိယအဖွဲ့အဖြစ် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပေးမည် ဖြစ်သည်..အနီရောင်အဖွဲ့ကါကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူ သို့မဟုတ်တကြိမ်မှမထိုးရသေးသူများကို တတိယအဖွဲ့အဖြစ်သတ်မှတ်ပြီး ထိုင်းသို့ လာရောက်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်…သို့သော် အလုပ်ရှင်မှ Quarantineဝင်ရန်နှင့် ကိုဗစ်စစ်ဆေးခများကို တာဝန်ယူသူ ဖြစ်ရမည်..အကယ်၍ စစ်ဆေးမှူ့တွင် ကူးစက်ခံရသူ ဖြစ်နေပါက ဆေးကုသမှူ့ကိုပါ တာဝန်ယူရမည်။
လူမှူ့ဖူလုံရေး ပုဒ်33 ရှိနေပြီးသော အလုပ်သမားဖြစ်ပါက အလုပ်ရှင်မှ ကိုဗစ်19ကါကွယ်ဆေးကို ကိုယ်တိုင်ရှာဖွေခွင့် ရရှိမည်ဖြစ်ပြီး Quarantineဝင်ရမည့်နေရာမှာ အစိုးရမှသတ်မှတ်ပေးသောနေရာ သို့မဟုတ် ပုဂ္ဂလိကနေရာ ဖြစ်သည်ကို သက်ဆိုင်ရာတာဝန်ရှိများမှ ထပ်မံဆုံးဖြတ်မည်ဖြစ်သည်..ထို့ပြင် ထိုင်းနိုင်ငံအတွင်း ရှိနေပြီးသော ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အမိနိုင်ငံသို့ ပြန်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် မလိုကြောင်း..စမွတ်စာခွန်ခရိုင်ရှိ TDCC ပတ်စပို့အချက်လက်များသိမ်းစည်းရာ ဗဟိုရုံးကို အချိန်တစ်နှစ်တိုး၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး Passport PPကို ပြုလုပ်နိုင်စေရန် ခွင့်ပြုသွားမည် ဖြစ်သည်။
အလုပ်သမား လိုအပ်နေသော အလုပ်ရှင်သည် MOUစနစ်ဖြင့် ငှါးရမ်းမည့် အလုပ်သမားစာရင်းအား အလုပ်ရှာဖွေရေး ဦးစီဌါနတွင် သွားရောက်လျှောက်လွှာတင်ရမှာဖြစ်ပြီး အလုပ်၊လုပ်ကိုင်ခွင့်2နှစ်စာ တဦးလျှင် 1,900ဘတ်ကို ပေးဆောင်ရမှာဖြစ်ပါတယ်…အလုပ်သမားများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာပါက သတ်မှတ်ထားသော နယ်စပ်ဂိတ်များတွင် 72နာရီမလွန်သေးသော RT-PCRစနစ်ဖြင့် ကိုဗစ်19စစ်ဆေးပြီးကြောင်း သက်သေကို အလုပ်သမား တဦးချင်းစီ ကိုယ်တိုင် ပြနိုင်ရမည်..ထိုင်းအတွင်း ရောက်ရှိသည်နှင့် Quarantineဝင်ပြီးမှ အလုပ်၊လုပ်ကိုင်ခွင့် ရရှိမှာဖြစ်သည်..လူမှူ့ဖူလုံရေးရှိသူများအနေနှင့် ကိုဗစ်19ကါကွယ်ဆေး ထိုးခွင့်ကိုရရှိမှာလဲ ဖြစ်သည်။
အချက်လက်များအား နားမလည်ခြင်း သို့မဟုတ်ပ်ို၍ သိရှိလိုသူများအနေနှင့် အလုပ်ရှာဖွေရေး ဦးစီးဌါနများတွင် သွားရောက်စုံစမ်းခြင်း သို့မဟုတ် ဖုန်း 1506ကိုနှိပ်ပြီး 2ကိုထပ်မံနှိပ်ခြင်းဖြင့်လဲ စုံစမ်းနိုင်ပြီး 1694သို့လဲ ဆက်သွယ်ပြီး မြန်မာဘာသာဖြင့်စုံးစမ်းနိုင်ကြောင်း…
MKSW..MMP
#MOU#แรงงานต่างด้าว
#นามเข้าแรงงาน
#ฟายประชาสัมพันธ์กรมจัดหางาน..
