တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ရိုဟင်ဂျာ ၂၃ ဦး မဲဆောက်မြို့မှာ ဖမ်းဆီးခံရ
(Zawgyi/Unicode)
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မယ်တောင်ရပ်ကွက်က နေအိမ်တလုံးမှာ လူကုန်ကူးသမားတွေ ဖွက်ထားတဲ့ ရိုဟင်ဂျာ၂၃ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ မသင်္ကာတဲ့ အိမ်တလုံးထဲမှာ အမျိုးသမီးတွေ ကလေးတွေပါတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိတာနဲ့ပါတ်သက်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံဦးမိုးကျော်က အခုလိုပြောပါတယ်။
“ရဲတွေကနေပြီးတော့မယ်တောင်အနီးတဝိုက်မှာ မယ်တောင်လမ်းဆုံမှာ မယ်တောင်ရွာတွေထဲမှာ ကားတွေနဲ့ပတ်နေတာ တခုခုကိုရှာနေတာကို စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းကတွေ့ရတယ်။ မိုးရွာတဲ့အချိန်မှာကိုတွေ့ရတယ်၁၂ ရက်နေ့မှာတော့ မဲတောင်ဘက်မှာရှိတဲ့ သေ့ာခတ်ထားတဲ့အိမ်တအိမ်မှာ လူကုန်ကူးမူ့တားဆီးရေးအဖွဲ့တွေနဲ့ နယ်မြေခံတာဝန်ရှိတဲ့ရဲတွေကမသင်္ကာလို့စောင့်ကြည့်နေရာကနေ တရားမဝင်ဝင်လာတဲ့ရိုဟင်ဂျာတွေ အမျိုးသမီးတွေ ကလေးတွေပါတဲ့ ၂၃ ဦးကိုဖမ်ဆီးရမိတယ်။”မြန်မာနိုင်ငံသားတဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် မိုဟာမက်ဆာလင်းက ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးတွေကို ထိုင်းနိုင်ငံတောင်ပိုင်းကတဆင့် မလေးရှားပို့ဖို့အတွက် အိမ်ထဲမှာ ပိတ်လှောင်ဖွက်ထားတာဖြစ်တယ်လို့ မဲဆောက်ရဲစခန်းကထုတ်ပြန်ထားတာကို ဦးမိုးကျော်က ပြောပြပါတယ်။
မိုဟာမက်ဆာလင်းဆိုတဲ့အမျိုးသားတယောက်ကနေထိုင်းနိုင်ငံအတွင်းပိုင်းကနေ ဖြတ်ပြီးရိုဟင်ဂျာအမျိုးသမီးနဲ့ကလေးတွေအပါအဝင် ၂၃ ဦးကိုမလေးရှား ပို့ဖို့ဆိုပြီးသတင်းရထားတယ်ဆိုပြီးရဲစခန်းကဖော်ပြတယ်။ ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး ၁၆ ဦးအမျိုးသား ၄ ဦး ကလေး ၃ ဦးပါဝင်ပါတယ်။ ပိတ်လှောင်ထားတဲ့ လူမှောင်ခိုကူးနေသူမြန်မာနိုင်ငံသား မိုဟာမက်ဟာ ထိုင်းနိုင်ငံအတွင်းမှာ လူမှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီတရားရုံးမှာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ နယ်မြေခံမယ်တောင်ရဲတပ်ဖွဲ့ ကတော့ မိုဟာမက်ဆာလင်းရဲ့အိမ်ကို ရက်အတန်ကြာကတည်းက စောင့်ကြည့်နေတာဖြစ်ပြီး အိမ်တခါးသောခတ်ထားပေမယ့် အတွင်းမှာ တရားမဝင်မြန်မာတွေ ရှိနေတာကိုသတိထားမိခဲ့တယ်လို့ ပြောပါတယ်။
အပြင်ကအစားအသောက်တွေလာပို့လို့ တံခါးဖွင့်ချိန်မှာ ရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လူကုန်ကူးသူမိုဟာမက်ဟာ ရိုဟင်ဂျာတွေကို မဲဆောက်ကတဆင့် ထိုင်းတောင်ပိုင်း နယ်စပ်အထိပို့ပြီး မလေးရှားနိုင်ငံဆီရောက်အောင် ပို့ပေးနေတာ အကြိမ်ကြိမ်ရှိပြီဆိုတဲ့အကြောင်း အာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းထဲက ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံဘက်ကို တရားမဝင်နည်းလမ်းတွေနဲ့ သွားဖို့ ကြိုးစားခဲ့ကြပါတယ်။
တချို့က စက်လှေတွေနဲ့ သွားဖို့ကြိုးစားရင်း သီတင်းပါတ်နဲ့ချီ ပင်လယ်ထဲမှာ ဒုက္ခရောက်ခဲ့ကြတဲ့ ဖြစ်ရပ်တွေရှိခဲ့သလို၊ ၂၀၁၅ ခုနှစ်ကလည်း မလေးရှားကို တရားမဝင် သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀ ကျော်ထဲက တချို့ကို လူကုန်ကူးသူတွေက သတ်ဖြတ်ပြီးအလောင်းတွေ မြေမြှုပ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလူကုန်ကူးမှုမှာ ပါတ်သက်နေတဲ့ ထိုင်းစစ်တပ်အရာရှိတွေနဲ့ အစိုးရအရာရှိတွေကို နောက်ပိုင်းမှာ ထိုင်းအစိုးရက အရေးယူခဲ့ပါတယ်။
#MyanmarThailand #Rohingya #VOABurmese
တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ရိုဟင်ဂျာ ၂၃ ဦး မဲဆောက်မြို့မှာ ဖမ်းဆီးခံရ
(Unicode)မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မယ်တောင်ရပ်ကွက်က နေအိမ်တလုံးမှာ လူကုန်ကူးသမားတွေ ဖွက်ထားတဲ့ ရိုဟင်ဂျာ၂၃ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ မသင်္ကာတဲ့ အိမ်တလုံးထဲမှာ အမျိုးသမီးတွေ ကလေးတွေပါတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိတာနဲ့ပါတ်သက်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံဦးမိုးကျော်က အခုလိုပြောပါတယ်။ “ရဲတွေကနေပြီးတော့မယ်တောင်အနီးတဝိုက်မှာ မယ်တောင်လမ်းဆုံမှာ မယ်တောင်ရွာတွေထဲမှာ ကားတွေနဲ့ပတ်နေတာ တခုခုကိုရှာနေတာကို စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းကတွေ့ရတယ်။ မိုးရွာတဲ့အချိန်မှာကိုတွေ့ရတယ်၁၂ ရက်နေ့မှာတော့ မဲတောင်ဘက်မှာရှိတဲ့ သေ့ာခတ်ထားတဲ့အိမ်တအိမ်မှာ လူကုန်ကူးမူ့တားဆီးရေးအဖွဲ့တွေနဲ့ နယ်မြေခံတာဝန်ရှိတဲ့ရဲတွေကမသင်္ကာလို့စောင့်ကြည့်နေရာကနေ တရားမဝင်ဝင်လာတဲ့ရိုဟင်ဂျာတွေ အမျိုးသမီးတွေ ကလေးတွေပါတဲ့ ၂၃ ဦးကိုဖမ်ဆီးရမိတယ်။”မြန်မာနိုင်ငံသားတဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် မိုဟာမက်ဆာလင်းက ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးတွေကို ထိုင်းနိုင်ငံတောင်ပိုင်းကတဆင့် မလေးရှားပို့ဖို့အတွက် အိမ်ထဲမှာ ပိတ်လှောင်ဖွက်ထားတာဖြစ်တယ်လို့ မဲဆောက်ရဲစခန်းကထုတ်ပြန်ထားတာကို ဦးမိုးကျော်က ပြောပြပါတယ်။ မိုဟာမက်ဆာလင်းဆိုတဲ့အမျိုးသားတယောက်ကနေထိုင်းနိုင်ငံအတွင်းပိုင်းကနေ ဖြတ်ပြီးရိုဟင်ဂျာအမျိုးသမီးနဲ့ကလေးတွေအပါအဝင် ၂၃ ဦးကိုမလေးရှား ပို့ဖို့ဆိုပြီးသတင်းရထားတယ်ဆိုပြီးရဲစခန်းကဖော်ပြတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး ၁၆ ဦးအမျိုးသား ၄ ဦး ကလေး ၃ ဦးပါဝင်ပါတယ်။ ပိတ်လှောင်ထားတဲ့ လူမှောင်ခိုကူးနေသူမြန်မာနိုင်ငံသား မိုဟာမက်ဟာ ထိုင်းနိုင်ငံအတွင်းမှာ လူမှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီတရားရုံးမှာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ နယ်မြေခံမယ်တောင်ရဲတပ်ဖွဲ့ ကတော့ မိုဟာမက်ဆာလင်းရဲ့အိမ်ကို ရက်အတန်ကြာကတည်းက စောင့်ကြည့်နေတာဖြစ်ပြီး အိမ်တခါးသောခတ်ထားပေမယ့် အတွင်းမှာ တရားမဝင်မြန်မာတွေ ရှိနေတာကိုသတိထားမိခဲ့တယ်လို့ ပြောပါတယ်။ အပြင်ကအစားအသောက်တွေလာပို့လို့ တံခါးဖွင့်ချိန်မှာ ရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လူကုန်ကူးသူမိုဟာမက်ဟာ ရိုဟင်ဂျာတွေကို မဲဆောက်ကတဆင့် ထိုင်းတောင်ပိုင်း နယ်စပ်အထိပို့ပြီး မလေးရှားနိုင်ငံဆီရောက်အောင် ပို့ပေးနေတာ အကြိမ်ကြိမ်ရှိပြီဆိုတဲ့အကြောင်း အာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းထဲက ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံဘက်ကို တရားမဝင်နည်းလမ်းတွေနဲ့ သွားဖို့ ကြိုးစားခဲ့ကြပါတယ်။
တချို့က စက်လှေတွေနဲ့ သွားဖို့ကြိုးစားရင်း သီတင်းပါတ်နဲ့ချီ ပင်လယ်ထဲမှာ ဒုက္ခရောက်ခဲ့ကြတဲ့ ဖြစ်ရပ်တွေရှိခဲ့သလို၊ ၂၀၁၅ ခုနှစ်ကလည်း မလေးရှားကို တရားမဝင် သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀ ကျော်ထဲက တချို့ကို လူကုန်ကူးသူတွေက သတ်ဖြတ်ပြီးအလောင်းတွေ မြေမြှုပ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလူကုန်ကူးမှုမှာ ပါတ်သက်နေတဲ့ ထိုင်းစစ်တပ်အရာရှိတွေနဲ့ အစိုးရအရာရှိတွေကို နောက်ပိုင်းမှာ ထိုင်းအစိုးရက အရေးယူခဲ့ပါတယ်။ #MyanmarThailand#Rohingya#VOABurmese
