တာ့ခ်ခရိုင် စစ်တပ်သည် နယ်စပ်တစ်လျှောက်ကင်းလှည့်ရာမှ ၎င်းတို့၏နေရာဒေသသို့ပြန်လာစဉ် တရားမဝင် နိုင်ငံဖြတ်ကျော်သွားလာသည့် နိုင်ငံခြားသားအလုပ်သမား ၅၁ ဦး ကိုဖမ်းဆီးရမိသည်။
တာ့ခရိုင်၊ မဲဆောက်မြို့နယ် ဖါ့အို နယ်မြေ၊ နှင့် ဘန့်ပုပဲကျေးရွာ၊ အမှတ် ၃ ကျေးရွာ နယ်မြေခံတာဝန်ရှိသူများနှင့် ရပ်ကွက်လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရဲစခန်းမှရဲတပ်သားများ အမှတ် ၄ စစ်တပ် တပ်ရင်းမှုးများတို့သည် နယ်စပ်တစ်လျှောက်ကင်းလှည့်မှုများပြုလုပ်ခဲ့သည်။ ၎င်းတို့တာဝန်ကျသည့် နယ်စပ်နှင့်သစ်တောအတွင်း မြန်မာနိုင်ငံသား ၅၁ ယောက်၊ အမျိုးသား ၃၄ ယောက်၊ အမျိုးသမီး ၁၇ယောက်တို့ကိုစစ်ဆေးရာတွင်မည်သည့်တရားဝင်စာရွက်စာတမ်းအထောက် အထားမျှ ကိုင်ဆောင်ထားခြင်းမရှိသည်ကို တွေ့ရှိသလို ၎င်းတို့သည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ၀င်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးလိုက်ရသည်။
အကြောင်းစုံစစ်ဆေးမေးမြန်းရာမှာတော့ ၎င်းတို့ သည် စမွတ်ပရာကန်မှ တဆင့်ကားနှင့်တစ်ဖန် ခြေကျင်ဖြင့်တစ်တန် မိမိတို့၏ မူလနိုင်ငံသို့ ပြန်လိုသည့်အတွက် (ယာဉ်မောင်းအမည် ယာဉ်နံပါတ် တို့ကို သိခွင့်မရ အမျိုးသားတစ်ဦးမှ ၎င်းတို့ကိုမြန်မာပြည်ပြန်ဖို့အတွက် ဘန့်ပုပဲ ကျေးရွာကိုပို့ထားဖို့ အလ လမ်းခုလပ်တွင် ရဲများက တွေ့ရှိပြီး ယခုလိုဖမ်းဆီးလိုက်ရခြင်းဖြစ်သည်။
ဒီနိုင်ငံခြားသား အလုပ်သမား ၅၁ ယောက်လုံးသည် ယခင်က တရားဝင်နေထိုင် အလုပ် လုပ်ကိုင်ကြ သူများဖြစ်ကြသည်ဟု သိရသည် သို့သော်လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်းနေရာ ဒေသအနှံ့ အပြား ကိုဗစ် ၁၉ ကပ်ရောဂါြဖစ်ပွားမှု ကူးစက်ပျံ့နှံ့မှု များပြားလာခြင်းကြောင့် အလုပ်အကိုင်အဆင် မပြေသဖြင့် မိမိတို့၏ မိခင်နိုင်ငံသို့ ပြန်လိုကြပေမယ့် တရားဝင်ခရီးသွား လာခွင့်မရသည့်အတွက် ယခုလို တရားမဝင် ခရိုင်နယ်မြေ ဖြတ်ကျော်သွားလာရန် ပွဲစားတစ်ဦး၏ ပို့ဆောင်ပေးမည် ဆိုခြင်းကြောင့် လာခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်
ဖမ်းဆီးခံထားရသူများကို တာဝန်ရှိသူများမှ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ခန္ဓာကိုယ်အပူချိန်စစ်ဆေးခြင်းနှင့် ကိုဗစ် ရောဂါရှိမရှိ တို့ကို စစ်ဆေးပြီးနောက် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ် (မဲဆောက်စစ်ဆေးရေးဂိတ်) သို့ပို့ဆောင်ထားကြ လိုအပ်သလိုတရားစွဲဆိုမှုများပြုလုပ်သွားမည်ဖြစ်သည်။
