စစ်ကောင်စီတပ်ကို ပြည်သူ့တော်လှန်ရေးစတင်ကြောင်းကြေညာ

Breaking News: NUG က စစ်ကောင်စီတပ်ကို ပြည်သူ့တော်လှန်ရေးစတင်ကြောင်းကြေညာအာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတဝန်း ခုခံတော်လှန်ရေးတိုက်ပွဲ ယနေ့ စက်တင်ဘာ ၇ ရက် နေ့မှစ၍ စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်သည်။ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင်အလုပ်လုပ်နေသော အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းအားလုံး ယနေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်းမပြုတော့ရန်၊ ပြည်သူတို့အနေဖြင့် ခရီးသွားလာခြင်းများကို ရှောင်ကြဥ်ခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.များကို အစွမ်းကုန်ပူးပေါင်းကူညီရရန် NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက ယနေ့မနက်တွင် အရေးပေါ်မိန့်ခွန်းပြောကြားပြီးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
# MG Myo Min facebook

Leave a comment