ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၇,၁၆၅ ဦး၊ သေဆုံးသူ ၂၂၆ ဦး နှင့် ပြန်လည်သက်သာလာသူ ၂၀,၀၅၉ ဦး ဆေးကုမှုခံယူနေဆဲ ၁၉၂,၃၃၄ ဦး တို့ဖြစ်ကြသည်ဟုပြောကြားသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကိုနေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။
– ကူးစက်ခံရသူစုစုပေါင်း ၁၇,၁၆၅ ဦးဖြစ်ပြီး ပြင်ပကူးစက်ခံရမှုအသစ် ၁၆,၉၇၃ ဦး အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၁၉၂ ဦးတို့ ကူးစက်ခံရသည်။
(၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက် မှစတင်၍ ကူးစက်ခံရသည့်လူနာပေါင်း ၁,၀၅၅,၀၈၈ ဦး)
ပြန်လည်သက်သာလာသူ ၂၀,၀၅၉ ဦး၊ အိမ်သို့ပြန်လာနိုင်ခဲ့သည်
(၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက် မှစ၍ ပြန်လည်သက်သာလာသူ စုစုပေါင်း ၈၅၄,၄၀၃ ဦး)
ယနေ့သေဆုံးမှု ၂၂၆ ဦး ဖြစ်ပြီး ဆေးကုသမှုခံယူနေဆဲလူနာ ၁၉၂,၃၃၄ ဦးတို့ဖြစ်ကြသည်
