ယနေ့ ကိုဗစ်ကူးစက်ခံရမှုအခြေအနေ

ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၇,၄၉၁ ဦး၊ သေဆုံးသူ ၂၄၂ ဦး နှင့် ပြန်လည်သက်သာလာသူ ၂၂,၁၃၄ ဦး ဆေးကုမှုခံယူနေဆဲ ၁၉၅,၄၅၄ ဦး တို့ဖြစ်ကြသည်ဟုပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကို‌နေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။
– ကူးစက်ခံရသူစုစုပေါင်း ၁၇,၄၉၁ ဦးဖြစ်ပြီး ပြင်ပကူးစက်ခံရမှုအသစ် ၁၇,၀၉၃ ဦး အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၃၉၈ ဦးတို့ ကူးစက်ခံရသည်။

(၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက် မှစတင်၍ ကူးစက်ခံရသည့်လူနာပေါင်း ၁,၀၃၇,၉၂၃ ဦး)

ပြန်လည်သက်သာလာသူ ၂၂,၁၃၄ ဦး၊ အိမ်သို့ပြန်လာနိုင်ခဲ့သည်

(၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက် မှစ၍ ပြန်လည်သက်သာလာသူ စုစုပေါင်း ၈၃၄,၃၄၄ ဦး)
ယနေ့သေဆုံးမှု ၂၄၂ ဦး ဖြစ်ပြီး ဆေးကုသမှုခံယူ‌နေဆဲလူနာ ၁၉၅,၄၅၄ ဦးတို့ဖြစ်ကြသည်

Leave a comment