ထိုင်းနိုင်ငံက ကြက်သားစက်ရုံတစ်ခုတွင် မြန်မာအလုပ်သမားဦးရေ ၂၀၀၀ နီးပါးခန့်ကိုဗစ်ကူးစက်ခံနေရ

Zawgyi

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရှိ မြန်မာအလုပ်သမား ဦးရေ ၇၀၀၀ နီးပါးခန့် အလုပ်လုပ်ကိုင် နေသည့် Thai Food Group Co., Ltd. ကြက်သားစက်ရုံတွင် မြန်မာအလုပ်သမားဦးရေ ၂၀၀၀ နီးပါးခန့် Covid-19 ရောဂါကူးစက်ခံရပြီး Quarantine ဝင်ရောက်နေကြောင်း သိရှိရသဖြင့် ၁၃-၈-၂၀၂၁ ရက်နေ့တွင် အလုပ်သမားသံအရာရှိ ဦးသူရိန်လင်းသည် အဆိုပါစက်ရုံနှင့် စက်ရုံ ပြင်ပရှိ အလုပ်သမားများအား Quarantine ထားရှိထားသည့် နေရာသို့ သွားရောက်၍ သက်ဆိုင်ရာ စက်ရုံတာဝန်ရှိသူများ၊ ကျန်းမာရေးတာဝန်ခံနှင့် အလုပ်သမားအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာသံရုံးက လှူဒါန်းသည့် ခေါက်ဆွဲခြောက် ၁၈၀ ထုပ်ပါ ၁၀ ဖာ၊ လက်သန့်ဆေးရည် ၃.၈ လီတာဗူးကြီး ၂ ဗူးနှင့် ဗူးသေး ၃၆၀ ဗူး၊ Mask ၁၀၀၀ ခုပါ ၂ ဖာ၊ Vega Trading Co., Ltd. က လှူဒါန်းသည့် Ya Fartab ဆေးဗူး ၅ ဒါဇင်နှင့် Mask ၁၀၀၀ ခုပါ ၁ ဖာ၊ Trade Win Co., Ltd. က လှူဒါန်းသည့် ရေသန့် ဒါဇင် ၂၀၀၊ မြွေဟောက်တံဆိပ်ပလတ်စတစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံက လှူဒါန်းသည့် BRYONIA 200C ဆေးရည် ၃၅ ဒါဇင်တို့အား ပေးအပ်လှူဒါန်းခဲ့ပါသည်။

အလုပ်သမားသံအရာရှိရုံးထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။

၁၄-၈-၂၀၂၁ ရက်။စနေနေ့။



Unicode




Leave a comment