ပရာယွတ်အား COVID-19 အခြေအနေကိုစီမံခန့်ခွဲမှုမှားယွင်းမှုအတွက် လူပေါင်း ၇၀၀၀၀၀ က စုပေါင်းရေးထိုးထားသည့်လက်မှတ်ဖြင့် ပရာယွတ်အား COVID-19 တရားစွဲ

ပရာယွတ်အား COVID-19 အခြေအနေကိုစီမံခန့်ခွဲမှုမှားယွင်းမှုအတွက် လူပေါင်း ၇၀၀၀၀၀ က စုပေါင်းရေးထိုးထားသည့်လက်မှတ်ဖြင့် ပရာယွတ်အား COVID-19 တရားစွဲ

Sudarat Keyuraphan ဦး ဆောင်သော Thai Sang Thai Party အစည်းအဝေးအပြီးတွင်လူ ဦး ရေ ၇၀၀၀၀၀ ပေါင်းရေးထိုးထားသည့်လက်မှတ်ဖြင့် တရားစွဲရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်အပြင် ကူးစက်ရောဂါကာကွယ်တားဆီးရေးဌာနတွင်လည်း ၀န်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ကိုဗစ်၁၉ရောဂါနှင့်ပတ်သက်၍စီမံခန့်ခွဲမှုမှားယွင်းခြင်းနှင့်  လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့် ယနေ့သြဂုတ်လ (၁၃) ရက်နေ့ ရက်စွဲဖြင့် ထိုင်းဆန်ထိုင်းပါတီကတရားစွဲဆိုလိုက်သည်။

ထိုင်း Build Thai ပါတီ နှင့်ထိုင်းရှေ့နေများအသင်းတို့သည်ရရှိထားသည့် လူဦး ရေ ၇၀၀,၀၀၀ ကျော် လက်မှတ်ဖြင့် ဗိုလ်ချုပ်ပရာယွတ် အားတရားစွဲဆိုလိုက်သည် စွဲချက်တွင်   ထိုင်းနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်မှု၏ အခြေအနေကိုဖြေရှင်း ရာတွင်မှားယွင်းခြင်း အကျင့်ပျက်ခြစားမှုနှင့်မှားယွင်းစွာ ရာဇဝတ်မှုဖြင့် တရားစွဲ ဆိုစေခဲ့ခြင်း အရေးပေါ်အခြေအနေကြေငြာချက်အရထုတ်ပြန်ခြင်းအစရှိသည်တို့ကို ဗိုလ်ချုပ်ကြီးပရာယွတ် တာဝန်ယူလိုအပ်သည်ဟုပါရှိသည်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၇ နှင့် ၅၅ အရ ကူးစက်ရောဂါ  COVID-19 ရောဂါဖြစ်ပွားသည့်အခါ အများပြည်သူတွေအနေဖြင့် အခမဲ့အဖြစ်ကုသခွင့် ရရှိပါသော်လည်း  ကျန်းမာရေးဌာနနှင့် စီမံခန့်ခွဲသူတို့၏ အားနည်းချက်ကြောင့် များစွာကူးစက်ခံရသလို ဆေးရုံနှင့်အိမ်တွင် အများအပြားသေဆုံးနေရမှု

 COVID-19 နှင့်ပတ်သက်၍ သိန်းထောင်ချီအကုန်ကျခံ စီမံဆောင်ရွက်နေပေမယ့် ဝန်ကြီးချုပ်ရဲ့လျစ်လျူရှုမှုကြောင့် ကာကွယ်ဆေးများစီမံခန့်ခွဲမှုတွင်အမှားအယွင်း ဖြစ်ကာ COVID-19 ကပ်ရောဂါ စတုတ္ထလှိုင်းအထိ ဖြစ်လာမည့်အနေအထားနှင့် ရင်ဆိုင်နေရမှု

 ကြီးမားသည် မှားယွင်းစွာချမှတ်ဆောင်ရွက်ချက်များကြောင့် ကျန်းမာရေးဝန်ကြီးဌာန သည်လည်း စနစ်တကျ လုံလောက်သော လူနာများကို ထောက်ပံ့နိုင်ခြင်းမရှိသလို ဆေးကုသခွင့်မရကြပဲ အိမ်တွင်သေဆုံးမှုများပြားနေမှု

၀ န်ကြီးချုပ်၏အရေးပေါ်ကြေငြာချက်သည် ၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက်မှ ၂၀၂၁ ခုနှစ်စက်တင်ဘာလ၂၆ရက်အထိအချိန် သတ်မှတ်ခြင်းသည် ရှိသည့် ဥပဒေရပ် အားလုံး ကိုယ်ပိုင်အဖြစ် လက်ကိုင်ထားသလို ဖြစ်နေခြင်းကြောင့် ၎င်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဥပဒေနှင့်ဆန့်ကျင်နေမှု

အစရှိသည့် စွဲချက်လေးခုဖြင့် Thai Sang Chart Party ထိုင်းရှေ့နေများအသင်းနှင့် အတူဗိုလ်ချုပ်ကြီးပရာယွတ်အားတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

Leave a comment