ယနေ့ ကိုဗစ်ကူးသက်ခံရမှုအခြေ‌အနေ

ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၉,၈၄၃၊ ဦး၊ သေဆုံးသူ ၂၃၅ ဦး နှင့် ၂‌၂,၈၀၆ ဦး တို့ပြန်လည်သက်သာလာသည်ဟုပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကို‌နေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။

– ရောဂါကူးစက်ခံရသူပေါင်း ၁၉,၈၀၃ ဦးဖြစ်ပြီး ပြင်ပကူးစက်မှုအသစ် ၁၉,၄၄၅ ဦး၊ အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၃၉၈ ဦးတို့ ကူးစက်ခံရသည်။

– စုစုပေါင်းလူနာ ၇၆၇,၀၈၈ ယောက် (၂၀၂၁ ဧပြီ ၁ ရက်မှစ၍)
၂၀၂၀ ခုနှစ် ပေါင်းပါက စုစုပေါင်းကူးစက်ခံရသူပေါင်း ၇၈၉,၉၅၁ ဦးထိရှိသည်။

– နောက်ထပ်သေဆုံးမှု ၂၃၅ ဦး
– ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စုစုပေါင်းသေဆုံးသူ ၆,၃၅၆ ဦးထိရှိခဲ့သည်
– စုစုပေါင်း ၂၀၂၀ ခုနှစ်‌‌နှင့်‌ပေါင်းပါကသေဆုံးသူ ၆,၄၉၄ ဦး ထိရှိခဲ့သည်

– ကုသမှုခံယူပြီးပြန်လည်သက်သာလာသူ ၂၂,၀၈၆ ဦး အိမ်သို့ပြန်လာခဲ့သည်
– စုစုပေါင်း ၅၅၀,၇၁၄ ဦးထိ ပြန်လည်သက်လာ၍ အိမ်ပြန်နိုင်ခဲ့သည် ဤသည်မှာ ၂၀၂၁,ဧပြီ ၁ ရက်မှစ။ ပြန်လည်ကောင်းမွန်သူများသာဖြစ်သည်
– ၂၀၂၀ ခုနှစ်ကအပါ၀င် ပြန်လည်သက်သာလာသူပေါင်း ၅၇၈,၁၄၀ ဦးတို့ဖြစ်သည်။
ဆေးဝါးကုသခံယူနေဆဲလူနာ ၂၁၁,၂၂၃ ဦးတို့ဖြစ်သည်။

Leave a comment