Google က လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ဗားရှင်း 2.3.7 ထက်နိမ့်တဲ့ Android ဖုန်းတွေကို Gmail / YouTube နဲ့ အက်ပလီကေးရှင်းအချို့ကို သုံးခွင့်ပြုတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။
.နိုင်ငံခြားဝဘ်ဆိုဒ်တစ်ခုရဲ့ဖေါ်ပြချက်အရ Google ဟာ စက်တင်ဘာလကုန်မှစပြီး Android ဖုန်းအဟောင်းများကို အက်ပလီကေးရှင်းအချို့ အသုံးပြုခွင့်ပိတ်ပင်တော့မှာဖြစ်ပြီး Google အကောင့်ကိုလည်း ဖျက်သိမ်းနိုင်တယ် သိရပါတယ်။
.Google က အသုံးပြုသူရဲ့ လုံခြုံရေးကိုစိုးရိမ်တာကြောင့် Android 2.3.7 ဗားရှင်း အောက်ကဖုန်း တွေကို အသုံးပြုခွင့် ပိတ်ရတာဖြစ်တယ် ပြောပါတယ်။
.Google ရဲ့ လုံခြုံရေးစနစ်က Gmail, YouTube, နဲ့ Maps တွေကို အသုံးပြုသူရဲ့ဗားရှင်း Android 2.3.7 ထက်နိမ့်ရင် ကာကွယ်မှုမပေးနိုင်တော့တာကြောင့် ဗားရှင်းနိမ့်တဲ့ဖုန်းတွေမှာ ဝင်ထားတဲ့ အကောင့်တွေကို အသုံးပြုသူရဲ့လုံခြုံရေးအရ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
.Android 2.3.7 ဗားရှင်းအသုံးပြုတဲ့ဖုန်းတွေဟာ အခုခေတ်မှာမရှိသလောက်ရှားပါတယ် ဒါပေမယ့်လည်း သေချာအောင် မိမိရဲ့ဖုန်းကို စစ်ကြည့်ကြဖို့လိုအပ်နေတယ်
Android operating system သည်လက်ရှိအချိန်တွင် active devices ပေါင်း ၃ ဘီလီယံကျော်ရှိသည်။
