ิဘဏ်မှာငွေ ဘယ်လောက်ရှိရှိ ဘဏ်ပိတ်သိမ်းခံရလျှင် ဘတ် ၁ သန်းသာပြန်ရမည်

ဩဂုတ် ၁၁ ရက်နေ့မှစ၍ ဘဏ်ပိတ်သိမ်းခံရလျှင် ဘတ် ၁ သန်းသာပြန်ရမည် .လာမည့်ဩဂုတ် ၁၁ ရက် (၂၀၂၁) မှစ၍ ဘဏ်တစ်ခု (ဉပမာ K Bank) တွင်အပ်နှံထားသည့် လူတစ်ဦး (ဘဏ်အကောင့်တစ်ခုမဟုတ်) ၏အပ်ငွေစုစုပေါင်းပမာဏကို ဘတ် ၁ သန်းသာအာမခံချက်ပေးတော့ မည်ဟု ထိုင်းနိုင်ငံအပ်နှံငွေအကာအကွယ်ပေးရေးအင်စတီကျု ညွှန်ကြားရေးမှူးချုပ် စွန်ဖွန် ချီဝပန်ယာရို့က အတည်ပြုပြောကြား သည်။.

ထိုင်းနိုင်ငံ၏တည်ဆဲဉပဒေအရ လာမည့်ဩဂုတ်လ ၁၀ ရက် (၂၀၂၁) နေ့အထိ ဘဏ်တစ်ခုတွင် အပ်နှံထားသည့် လူတစ်ဦး၏အပ်ငွေစုစုပေါင်းပမာဏကို ဘတ် ၅ သန်းအထိ အာမခံချက်ပေးထားသည်ဟု၎င်းကဆိုသည်။ .ထိုင်းနိုင်ငံ၏အပ်နှံငွေဉပဒေအရ ပြည်တွင်းဘဏ် ၁၈ ခု၊ နိုင်ငံခြားတွင်ဖွင့်လှစ်ထားသည့်ဘဏ်ခွဲ ၁၂ ခု၊ ရင်းနှီးငွေကုမ္ပဏီ ၂ ခု၊ အာမခံချေးငွေလုပ်ငန်း ၃ ခု စုစုပေါင်းငွေကြေးဌာန ၃၅ တွင်ဘတ်ငွေဖြင့် အပ်နှံထားသည့်အပ်ငွေများကို ထိုင်းနိုင်ငံသားဖြစ်စေ နိုင်ငံခြားသားဖြစ်စေ လူပုဂ္ဂိုလ်ဖြစ်စေ ကုမ္ပဏီဖြစ်စေ ထိုင်းနိုင်ငံအပ်နှံငွေအကာအကွယ်ပေးရေးအင်စတီကျု (DPA) မှ ငွေကြေးအာမခံချက်ပေးထားသည်။

.စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ NCD အပ်ငွေ၊ Deposit Receipt အပ်ငွေ စသည့်အပ်ငွေအမျိုးအစား ၅ မျိုးကို အာမခံချက်ပေးထားခြင်းဖြစ်ပြီး လိုင်စင်ရဘဏ်တစ်ခုခုက ပိတ်သိမ်းခံရလျင် ဉပဒေမှသတ်မှတ်ထားသည့်အကာအကွယ်ငွေပမာဏနှင့်အညီ ရက် ၃၀ အတွင်း ငွေပြန်ရမည်။ .အပ်နှံငွေ ဘတ် ၁ သန်းအာမခံချက်မူဝါဒသစ်အရ အကျုံးဝင်သည့်ငွေအပ်နှံသူဦးရေ ၈၂.၀၇ သန်းရှိပြီး ထိုင်းတနိုင်ငံလုံးငွေကြေးအပ်နှံထားသူစုစုပေါင်း၏ ၉၈.၀၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။.

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ (၂၀၂၁) အချက်အလက်အရ ထိုင်းနိုင်ငံတွင် ဘဏ်၌ငွေကြေးအပ်နှံထား သူဦးရေ ၈၇.၇၂ သန်းရှိပြီး အပ်ငွေစုစုပေါင်း ၁၅.၂၅ ထရီလျံ (၁ ထရီလျံ = သန်းတစ်သန်း) ရှိသည်ဟု သိရသည်။ .

Ref: กรุงเทพธุรกิจ. #Myanmarworkinthailand#Myanmar#Thailand#Journal#freecopy#mahachai#samutsakorn#betterlife#Englishpremierleague#Postbykyawkyawoo

Leave a comment