ယနေ့ကိုဗစ် ကူးစက်ခံရသူ ၂ သောင်းကျော်ဖြစ်

ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၂၀,၂၀၀ ဦး၊ သေဆုံးသူ ၁၈၈ ဦး နှင့် ၁၇,၉၇၅ ဦး တို့ပြန်လည်သက်သာလာသည်ဟုပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကို‌နေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။

– ရောဂါကူးစက်ခံရသူပေါင်း ၂၀,၂၀၀ ဦးဖြစ်ပြီး ပြင်ပကူးစက်မှုအသစ် ၂၀,၀၁၃ ဦး၊ အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၁၈၇ ဦးတို့ ကူးစက်ခံရသည်။

– စုစုပေါင်းလူနာ ၆၄၃, ၅၂၂ ယောက် (၂၀၂၁ ဧပြီ ၁ ရက်မှစ၍)
၂၀၂၀ ခုနှစ် ပေါင်းပါက စုစုပေါင်းကူးစက်ခံရသူပေါင်း ၆၇၂,၃၈၅ ဦးထိရှိသည်။

– နောက်ထပ်သေဆုံးမှု ၁၈၈ ဦး
– ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စုစုပေါင်းသေဆုံးသူ ၅,၄၀၉ ဦးထိရှိခဲ့သည်
– စုစုပေါင်း ၂၀၂၀ ခုနှစ်‌‌နှင့်‌ပေါင်းပါကသေဆုံးသူ ၅,၅၀၃ ဦး ထိရှိခဲ့သည်

– ကုသမှုခံယူပြီးပြန်လည်သက်သာလာသူ ၁၇,၉၇၅ ဦး အိမ်သို့ပြန်လာခဲ့သည်
– စုစုပေါင်း ၄၂၈,၃၈၀ ဦးထိ ပြန်လည်သက်လာ၍ အိမ်ပြန်နိုင်ခဲ့သည် ဤသည်မှာ ၂၀၂၁,ဧပြီ ၁ ရက်မှစ။ ပြန်လည်ကောင်းမွန်သူများသာဖြစ်သည်
– ၂၀၂၀ ခုနှစ်ကအပါ၀င် ပြန်လည်သက်သာလာသူပေါင်း ၄၅၅,၈၀၆ ဦးတို့ဖြစ်သည်။

Leave a comment