ထိုင်းနိုင်ငံမှာ သူနာပြုတယောက်ဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့ပြီး သီတင်းတပတ် မပြည့်ခင်မှာပဲ သေဆုံးခဲ့တဲ့အပေါ် အားလုံးက စိုးရိမ်မှုတွေနဲ့ သံသယတွေ မြင့်တက်နေကြပါတယ်။.
အသက် ၄၅ နှစ်အရွယ် သူနာပြု အူရိုင်ဝမ် ချန်သာရာပလင်ဟာ ဆမွတ်စခွန်ခရိုင် ဆေးရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး အမျိုးသားလူနာဆောင်မှာ တာဝန်ထမ်းဆောင်နေရာကနေ ဇူလိုင် ၂၅ ရက်နေ့မှာတော့ လည်ချောင်းနာ၊ ချောင်းဆိုး၊ ဖျားနာတဲ့ လက္ခဏာတွေ ခံစားခဲ့ရလို့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆေးရုံဒါရိုက်တာ ဒေါက်တာ အနူးကူလ် ထိုင်းသနန်က ပြောပါတယ်။
.ဇူလိုင် ၂၇ ရက်နေ့မှာတော့ သူနဲ့အတူ ရောဂါကူးစက်ခံထားရတဲ့ မိခင်၊ တူမဖြစ်သူတို့နဲ့အတူ ဆေးရုံတခုတည်းမှာပဲ တက်ရောက်ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။.
သူနာပြု အူရိုင်ဝမ်ဟာ အထူးကြပ်မတ်ကုသဆောင်ကို မရောက်ခင်မှာပဲ အသက်ရှူစက်အကူအညီနဲ့ ကုသမှုခံယူခဲ့ရတာဖြစ်ပြီး ဇူလိုင် ၃၀ ရက်မှာတော့ သူ့ကို ဘန်ကောက်မြို့၊ ရာဂျာဝီထိဆေးရုံကို လွှဲပြောင်းခဲ့ပြီး ၂ ရက်အကြာမှာ သေဆုံးသွားခဲ့တာပါ။.ဆေးရုံဝန်ထမ်း ၂၀၀ လောက်ဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မပြကြပေမယ့် ဗိုင်းရပ်စ်ကြောင့် ဖျားနာတာတွေ ကြုံတွေ့နေရတယ်လို့လည်း ဒေါက်တာ အနူးကူလ်က ပြောပါတယ်။

สุขสวัสดิ์.#MyanmarLiveTH#Myanmar#Thailand#Journal#freecopy#mahachai#samutsakorn#betterlife#Postbyzawlinmaung