“မဲဆောက်သို့ တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ မြန်မာအမျိုးသမီး ၁၀ ဦး အဖမ်းခံရ”

မဲဆောက်ခရိုင်၊ သောင်ရမ်းမြစ်အနီးရှိ ပြောင်းဖူးခင်းထဲတွင် ထိုင်းအာဏာပိုင်တွေက မြဝတီဖက်မှ တရားမဝင် ဝင်ရောက်ရန် ကြိုးစားနေတဲ့ မြန်မာအမျိုးသမီး ၁၀ဦးကို ဇူလိုင်လ ၂၆ရက်နေ့မှာ စစ်ဆေးဖမ်းမိခဲ့ပြီးတဲ့နောက် ကွာရမ်တင်း(Q)မဝင်ခင် ကိုဗစ်ရောဂါစစ်ဆေးဖို့အတွက် မဲဆောက်မြူနီစပယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။
“သူတို့ထဲက တစ်ယောက်မှာ ကိုဗစ်ရောဂါပိုးရှိနေမယ်ဆိုရင်တော့ ဆေးကုသပေးမှာပေါ့၊ မဟုတ်ရင်လည်း ရောဂါလက္ခဏာကိုကြည့်ပြီး ဆေးရုံကိုပို့ပေးရမှာပေါ့”လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ၎င်းအမျိုးသမီး ၁၀ ဦးမှာ မြန်မာနိုင်ငံ၊ မြဝတီဒေသမှာရှိတဲ့ ကာစီနိုမှာ အလုပ်လုပ်တဲ့သူတွေလို့ သိရပါတယ်။ ၎င်းကာစီနိုမှာ အလုပ်လုပ်ခဲ့တဲ့ ထိုင်းဝန်ထမ်းတွေက ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံဘက်က လူအများစုကတော့ ထိုင်းနယ်စပ်ကို တရားမဝင် ဝင်ဖို့ ကြိုးစားနေကြပေမယ့် ကျွန်တော်တို့စောင့်ကြည့်နေသ၍တော့ မလွတ်မြောက်နိုင်ဘူး”
လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

#Migrant_Times Source – The Nation Thailand
Share to facebook YCOWA – Yaung Chi Oo Workers Association

Leave a comment