ယခုနှစ်ဧပြီ ၁ရက်မှစ၍ ကူးစက်မှုစုစုပေါင်း ၅ သိန်းဖို့နီးနေ။

ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၅,၃၃၅ ဦး၊ သေဆုံးသူ ၁၂၉ ဦး နှင့် ၆,၉၀၄ ဦး တို့ပြန်လည်သက်သာလာသည်ဟုပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကို‌နေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။

– ရောဂါကူးစက်ခံရသူပေါင်း ၁၅,၃၃၅ ဦးဖြစ်ပြီး ပြင်ပကူးစက်မှုအသစ် ၁၄,၆၉၄ ခု၊ အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၆၄၁ ဦးတို့ ကူးစက်ခံရသည်။

– စုစုပေါင်းလူနာ ၄၆၈,၄၃၉ ယောက် (၂၀၂၁ ဧပြီ ၁ ရက်မှစ၍)

၂၀၂၀ ခုနှစ် ပေါင်းပါက စုစုပေါင်းကူးစက်ခံရသူပေါင်း ၄၉၆,၆၆၁ ဦးထိရှိသည်။

– နောက်ထပ်သေဆုံးမှု ၁၂၉ ဦး

– ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စုစုပေါင်းသေဆုံးသူ ၃,၉၆၅ဦးထိရှိခဲ့သည်

– စုစုပေါင်း ၂၀၂၀ ခုနှစ်‌‌နှင့်‌ပေါင်းပါကသေဆုံးသူ ၄,၀၅၉ ဦး ထိရှိခဲ့သည်

– ကုသမှုခံယူပြီးပြန်လည်သက်သာလာသူ ၆,၉၀၄ ဦး အိမ်သို့ပြန်လာခဲ့သည်

– စုစုပေါင်း ၃၀၇,၂၆၇ ဦးထိ ပြန်လည်သက်လာ၍ အိမ်ပြန်နိုင်ခဲ့သည် ဤသည်မှာ ၂၀၂၁,ဧပြီ ၁ ရက်မှစ။ ပြန်လည်ကောင်းမွန်သူများသာဖြစ်သည်

– ၂၀၂၀ ခုနှစ်ကအပါ၀င် ပြန်လည်သက်သာလာသူပေါင်း ၃၃၄,၆၉၃ ဦးတို့ဖြစ်သည်။

Leave a comment