ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၄,၅၇၅ ဦး၊ သေဆုံးသူ ၁၁၄ ဦး နှင့် ၇,၇၇၅ ဦး တို့ပြန်လည်သက်သာလာသည်ဟုပြောကြားသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကိုနေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။
– ရောဂါကူးစက်ခံရသူပေါင်း ၁၄,၅၇၅ ဦးဖြစ်ပြီး ပြင်ပကူးစက်မှုအသစ် ၁၃,၅၀၃ ခု၊ အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၁,၀၇၂ ဦးတို့ ကူးစက်ခံရသည်။
– စုစုပေါင်းလူနာ ၄၃၈,၈၄၄ ယောက် (၂၀၂၁ ဧပြီ ၁ ရက်မှစ၍)
၂၀၂၀ ခုနှစ် ပေါင်းပါက စုစုပေါင်းကူးစက်ခံရသူပေါင်း ၄၆၇,၇၀၇ ဦးထိရှိသည်။
– နောက်ထပ်သေဆုံးမှု ၁၁၄ ဦး
– ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စုစုပေါင်းသေဆုံးသူ ၃,၇၁၇ ဦးထိရှိခဲ့သည်
– စုစုပေါင်း ၂၀၂၀ ခုနှစ်နှင့်ပေါင်းပါကသေဆုံးသူ ၃,၈၁၁ ဦး ထိရှိခဲ့သည်
– ကုသမှုခံယူပြီးပြန်လည်သက်သာလာသူ ၇,၇၇၅ ဦး အိမ်သို့ပြန်လာခဲ့သည်
– စုစုပေါင်း ၂၉၂,၇၂၆ ဦးထိ ပြန်လည်သက်လာ၍ အိမ်ပြန်နိုင်ခဲ့သည် ဤသည်မှာ ၂၀၂၁,ဧပြီ ၁ ရက်မှစ။ ပြန်လည်ကောင်းမွန်သူများသာဖြစ်သည်
– ၂၀၂၀ ခုနှစ်ကအပါ၀င် ပြန်လည်သက်သာလာသူပေါင်း ၃၂၀,၁၅၂ ဦးတို့ဖြစ်သည်။
