ကျန်းမာရေး၀န်ကြီးဌာန မှ ယနေ့နံနက်အတည်ပြုချက်အရထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၁၃,၆၅၅ ဦး၊ သေဆုံးသူ ၈၇ ဦး နှင့် ၇,၉၂၁ ဦး တို့ပြန်လည်သက်သာလာသည်ဟုပြောကြားသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် Covid-19 အခြေအနေစီမံခန့်ခွဲရေးဌာန (CDC) သည် COVID-19 ၏ကူးစက်ရောဂါအခြေအနေကိုနေ့စဉ်အောက်ပါအတိုင်း အစီရင်ခံထုတ်ပြန်အသိပေးခဲ့သည်။
– ရောဂါကူးစက်ခံရသူပေါင်း ၁၃,၆၅၅ ဦးဖြစ်ပြီး ပြင်ပကူးစက်မှုအသစ် ၁၃,၁၁၀ ခု၊ အကျဉ်းထောင်များသို့မဟုတ်အကျဉ်းသားထိန်းသိမ်းရေးစခန်းများတွင် ၅၄၅ ဦးတို့ကူးစက်ခံရသည်။
– စုစုပေါင်းလူနာ ၄၂၄,၂၆၉ ယောက် (၂၀၂၁ ဧပြီ ၁ ရက်မှစ၍)
၂၀၂၀ ခုနှစ် ပေါင်းပါက စုစုပေါင်းကူးစက်ခံရသူပေါင်း ၄၅၃,၁၃၂ ဦးထိရှိသည်။
– နောက်ထပ်သေဆုံးမှု ၈၇ ဦး
– ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စုစုပေါင်းသေဆုံးသူ ၃,၆၀၃ ဦးထိရှိခဲ့သည်
– စုစုပေါင်း ၂၀၂၀ ခုနှစ်နှင့်ပေါင်းပါကသေဆုံးသူ ၃,၆၉၇ ဦး ထိရှိခဲ့သည်
– ကုသမှုခံယူပြီးပြန်လည်သက်သာလာသူ ၇,၉၂၁ ဦး အိမ်သို့ပြန်လာခဲ့သည်
– စုစုပေါင်း ၂၈၄,၉၅၁ ဦးထိ ပြန်လည်သက်လာ၍ အိမ်ပြန်နိုင်ခဲ့သည် ဤသည်မှာ ၂၀၂၁,ဧပြီ ၁ ရက်မှစ။ ပြန်လည်ကောင်းမွန်သူများသာဖြစ်သည်
– ၂၀၂၀ ခုနှစ်ကအပါ၀င် ပြန်လည်သက်သာလာသူပေါင်း ၃၁၂,၃၇၇ ဦးတို့ဖြစ်သည်။
