ကိုဗစ်ထက် အာဏာယစ်တာမခံနိုင်၍ တွန်းလှန်သည့် ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ

ထိုင်းနိုင်ငံရေးအင်အားစု အစုအဖွဲ့တို့သည် ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ရှေ့တွင် စုဝေးကာ မိမိတို့၏ခံယူချက် လက်ရှိဝန်ကြီးချုပ်၏ နိုင်ငံရေး စီးပွားရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှု မနှစ်မြို့သဖြင့် ၀န်ကြီးချုပ်ရာထူးမှနုတ်ထွက်ရန်တောင်းဆိုသည့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြပြီးအောက်လွှတ်တော်သို့ချီတက်ကြသည်။

၁၈ ဇူလိုင်လ ၂၀၂၁ ခုနှစ် မွန်းလွဲ ၂ နာရီ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ရှေ့တွင် စုဝေးကာ
နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အင်အားစု အဖွဲ့တို့သည် မိမိတို့၏ ထိမ်းသိမ်းခံရသည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်များလွတ်မြောက်ရေး လှုပ်ရှားမှုတွင်တက်ကြွ သည့်လူထုများသည်လည်း ထိုဆန္ဒပြပွဲများသို့တဖြည်းဖြည်းဝင်ရောက်လာကာပူးပေါင်း ကြသည်။ အများပြည်သူအား ထုတ်ပြန်ချက်တစ်ရပ်လည်းဖတ်ကြားထုတ်ပြန်ကြေညာခဲ့ကြသည်။
ထို့နောက် လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမှူးကြီး ပရာယွတ်ချန်အိုချာ၊သည် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းတာဝန်ယူထားသည်မို့ လက်ရှိနိုင်ငံ၏ ရင်ဆိုင်နေရသည့်ကျန်းမာရေး နိုင်ငံရေး စီးပွားရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှု မနှစ်မြို့သဖြင့် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသည့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြပြီး အောက်လွှတ်တော်သို့ချီတက်ကြသည်။

Photos Post Today

Leave a comment